Thursday, May 8, 2008

လူထုအခက် ထောက်ခံမဲအတွက် လုပ်နေသော န၀တခေါ်နအဖ

ဥတ္တရ
၂၀၀၈မေလ(၇)ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်ကြသော ကွန်ဟိုင်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာ အုပ်စု ဟာရင်ကျေးရွာအုပ်စု တို့တွင် ၂၀၀၈မေလ (၇)ရက် ယနေ့နံနက်ပိုင်းမှ စတင်ကာ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေး အတွက် ထောက်ခံမဲရရှိရေးကို ဒေသအာဏာပိုင်များမှ ဦးစီးကာ ကြိုတင်ဆန္ဒမဲများ ကောက်ယူ နေကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။

ယင်းကြိုတင်ဆန္ဒမဲ ကောက်ယူမှုအား နမ်းခမ်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူး လှတင်၊ ရှေ့တန်းချေလျင်တပ်ရင်း အမှတ်(၂၉၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းထွဋ် နှင့် နမ့်ခမ်းမြို့ မယကဥက္ကထ ဦးတင်လှိုင် တို့ကိုယ်တိုင် ဦးစီးဦးရွက်ပြုကာ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစုလျှင် ကျေးရွာ(၃)ရွာစီရှိပြီး ကျေးရွာတရွာလျှင် ဦးရေ (၃၀၀)ခန့်အား ကြိုတင်ဆန္ဒမဲ ကောက်ခံသွားကြောင်း သိရှိရသည်။ ကျေးရွာများတွင် ဆန္ဒမဲကောက်ခံရာ၌ ကျေးရွာလူကြီးအိမ်များတွင် စားပွဲခုံကလေးများသာ ခင်းကျင်းပြီး ရယက စာရေးများကိုယ်တိုင် အမည်စာရင်းမှတ်တမ်းတင်ပြီး လက်မှတ်နေရာတွင် အမှန်ခြစ်များ ခြစ်ကာ ထောက်ခံမဲများကို ရယူသွားခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။ အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလည်း ယင်းဒေသရှိ သက်ကြီးရွယ်အိုများ၏ ဆန္ဒမဲများအား ရယက စာရေးများမှ စာရင်းရေးသွင်းပြီး ထောက်ခံအမှန်ခြစ်များ ရေးသားကာ ထောက်ခံမဲရရှိကြောင်း အတည်ပြုရယူသွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုမြန်မာပြည်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူထုအနေဖြင့် ကိုယ်ချင်းစာ ၀မ်းနည်း ပက်လက်ဖြစ်နေချိန်၊ ပြင်ပမီဒီယာများမှ အာရုံစိုက်မှုမရှိချိန်တွင် နအဖအနေဖြင့် မုန်တိုင်းမခံစားခဲ့ရသော ဒေသများမှ ပြည်သူလူထုများအား ယင်းတို့၏ ဖွဲ့စည်းပုံ အတည်ပြု နိုင်ရေး အသုံးချ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

Summary

Rest of your post

No comments: