ottara2008

Thursday, May 1, 2008





Summary

Rest of your post
Posted by Picasa
Posted by ဥတ္တရ at 4:23 AM
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

NEW WEBSITE

PMV

“လူ့တန်ဘိုး”

လူတယောက်ရဲ့ တန်ဘိုးဟာ

သူဖြတ်သန်း ကျော်လွှားနေတဲ့

ခေတ်ကြီးက သူ့ပုခုံးပေါ်

တင်ပေးလိုက်တဲ့

သမိုင်းပေးတာဝန်ကို

သူဘယ်လောက်

သယ်ပိုးထမ်းဆောင်ခဲ့တယ်

ဆိုတဲ့ အချက်နဲ့

တိုင်းတာရမှာဘဲ။........။

.........................

“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”


♣ ညီလေး....

ရှစ်လေးလုံးအကြောင်း

မမေ့ကောင်းသမို့

ပြန်ပြောင်းအမှတ်ရဖို့ရာ

ဒီကဗျာ ရေးလိုက်တယ်။

♣ ချောက် ရေနံတူးစင်အောက်

သခင်ဖိုးလှကြီး လက်ရုံးမြောက်ခဲ့တဲ့

၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ

ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ်

သမိုင်းတွင်ရစ်မယ့် အုံကြွမှု

လူထုရဲ့အသံ

ခွပ်ဒေါင်းအလံ

မေ့ကျန်ထားလို့ရပါ့မလား။

♣ မြန်မာ့ဆိုရှယ်လစ်

(၂၆) နှစ်တာခရီး

ဖွဲမီးလို တငွေ့ငွေ့လောင်ကျွှမ်း

သဘာဝ အရင်းမြစ်ခမ်း

ဆင်းရဲနွမ်းပါး မြန်မာပြည်

တစ်ပါတီ ကြိုးနီစနစ်

ပုံဖေါ်ခြစ်ရေးဆွဲ

ဖွတ်မွဲ ပြာချ... လူလုံးမလှ

ရုန်းမထနိုင်ခဲ့ဘူး။

♣ ဆန် ဆီ ဆား

သကြား ငရုတ်

ပဲပြုတ် အထည်လိပ်

တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး

အကြွေးလုံးခံနေရတဲ့ လူထုကြား

နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု

စစ်အုပ်စုသာခံစားကြ

တရားမျှတမှု မဲ့

ကွာဟတဲ့ လူနေမှုစနစ်

ချဉ်ပေါင်မျှစ် နဲ့ အသားငါး

ဘတ်စ်ကား နဲ့ မာစီးဒီး

ဇီးသီး နဲ့ ချောကလက်

တောအရက် နဲ့ ဘရန်ဒီ

ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း

အဟောင်း နဲ့ အသစ်

နှောင်းဖြစ် နဲ့ ခေတ်ပေါ်

ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။

♣ ရှစ်လေးလုံးအရေးတော်ပုံ

ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက မဟုတ်ဘူး

လက်တဆုပ်စာ အာဏာရှုး

စစ်ဘီလူးတွေရဲ့ စနက်

၈၇- စက်တင်ဘာ(၅)ရက်

ငွေစက္ကူတွေ လုယက်မှု

သွေးပျက်နေတဲ့ လူထုကိုယ်စား

သမိုင်းမှာ ရှိထား

ကျောင်းသားထု အားမာန်

အသစ်တဖန်....ဒေါင်းအလံနဲ့

မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။

♣ မြန်မာပြည်သမိုင်းနဲ့

ကျောင်းသားရဲ့သမိုင်း

ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း”

ခွဲခြမ်းဖျောက်ဖျက်

ကွယ်ဝှက်လို့ မရ

အတူတကွရှိခဲ့တယ် ညီလေး။

♣ ကျောင်းသားဆိုတာ

ကိုလိုနီခေတ်

ကျွန်အဖြစ်မှ လွတ်မြောက်ရေး

ဖက်ဆစ်ဆန့်ကျင်ရေး

အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး

ပြည်တွင်းစစ် ရပ်ဆဲရေး

အမျိုးသားအရေးတွေ ရှေးရှု့

လူထုမှ ပေါက်ဖွား

အသွေး အသား အသက်

သမိုင်းရဲ့ တောင်းဆိုချက်

လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ

ပေးဆက်လာ အစဉ်မြဲ

ဦးခေါင်းသွေးစိမ်းရဲပေမဲ့

ညွှတ်မလဲသွားတဲ့

ခွပ်ဒေါင်းများဘဲ....ညီလေး။

♣ ကျောင်းပရ၀ုဏ်ထဲ

သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်

၈၈-မတ်(၁၃)ရက်

စက်မှုက ကိုဖုန်းမော် အသက်ထွက်

စတေးခဲ့ရတာဟာ

ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း

တပါတီ တခန်းရပ်မဲ့အစပေါ့။

အင်းလျားကန်ဘောင်ရိုးဆီက

တံတားနီ အဖြစ်အပျက်

၈၈-မတ်(၁၆) ရက်

တဆက်တည်းဘဲ

ဇွန်လထဲ မြေနီကုန်း

တဘုန်းဘုန်း ပစ်ခံရ

သွေးမြေကျခဲ့ ခွပ်ဒေါင်းများ

ပေးဆက်သွားသူရဲ့ တွန်ကျူးသံ

ထာဝစဉ် လွင့်ပျံနေရစ်တယ်။

♣ ၆၂-ဇူလိုင်(၈)ရက်

ဦးနေ၀င်းနူတ်က မြွက်

နံနက်ခင်းအသံလွင့်သွား

ပြည်သူကို စော်ကား

“ဒါး ကို ဒါး နဲ့

လှံကို လှံနဲ့

ရင်ဆိုင်ပါမယ်” တဲ့

ဒါနဲ့အားမရနိုင်

၈၈-ဇူလိုင်(၂၃)ရက်မှာ

“စစ်တပ်ဆိုတာ

မိုးပေါ်ထောင် မပစ်ဘူး

ပစ်ရင်တည့်တည့် ပစ်တယ်

မှန်အောင်ပစ်တယ်”

ဂန္ဓ၀င်တွင်ရစ်မဲ့ စကား

ပြည်သူများအတွက်

နှုတ်ဆက်တဲ့ ဗျာဒိတ်

ရင်ထိတ်စရာပေါ့။

♣ ကဲ......

စစ်အာဏာရူးတွေက ကောင်းစား

ပြည်သူအများ နွမ်းပါး

အစော်ကားလည်း ခံကြရ

ကျောင်းသားက ဥပက္ခာပြုရမှာလား။

♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး

ကျောင်းသူသမီးပျိုကို စော်ကား

လူရမ်းကား စစ်အုပ်စု

ညှစ်စုတ်ပြု အဖုံဖုံ

လူထုခါးသီးစွာ ကြုံလာရာမှ

ဒေါသထွက်.....နိုးကြားလျှက်

ရုန်းထွက်တော်လှန်

အချိန်တန်ပြီ ဆိုတဲ့အသိ

ပြည်သူတွေ ရှိလာတော့

လူထုသိလာတော့.......။

♣ မဆလပါတီ.......

(အလိုမရှိ)(အလိုမရှိ)

တစ်ပါတီကြိုးနီစနစ်....

(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)

ဒီမိုကရေစီရရှိရေး....

(ဒို့အရေး)(ဒို့အရေး)

ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်

သမိုင်းသစ်ဖွင့်ကာ

၂၆-နှစ်တာ ကြိုးနီစနစ်

ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ

ဘ၀ဂ္ဂ် လျှံခဲ့တယ်....

ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...

သေနတ်သံသောသောညံခဲ့....

ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....

အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။

♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား

လူတန်းစားအသီးသိး

ခါးစီးခံခဲ့ရသမျှ

နိုးထကာ ရုန်းထွက်

သြဂုတ်လ ရက်များဟာ

ပြည်မြန်မာ တ၀ှမ်း

ကြွေးကြော်သံလွှမ်း

သပိတ်စခန်းတွေ ဖွင့်လှစ်

စနစ်သစ်ကို တောင်းဆို

စနစ်ဟောင်းကို ဖြိုဖျက်

လက်ချင်းယှက်တော်လှန်ကြ

မဟုတ်မခံတဲ့

လူထုရဲ့အင်အား

ဒင်းတို့ ခံနိုင်ရိုးလား။

♣ မ.ဆ.လ တပါတီစနစ်

မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့

ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်

ဘယ်သူဖုံးပိတ်ဝံ့သလဲ။

♣ အများအကျိုးအတွက်

အမျိုးသားရေးအတွက်

အသက်မငဲ့ကွက်ဘဲ

ချီတက်ဆဲထိမှန်တောင်

အလံထောင် လက်ဆင့်ကမ်း

မဆုတ်တမ်း အံတုမှု

အနစ်နာခံမှု.... ရဲရင့်မှု.....

စွန့်လွတ်မှု....

စံပြုထားရအုံးမဲ့

ရှစ်လေးလုံးစိတ်ဓါတ်

အဆိပ်ခတ်မခံရစေနဲ့ညီလေး။

♣ အရေးတော်ပုံ

အလွှာစုံ လူထု

အံတုတိုက်ပွဲ ၀င်နေဆဲ

စစ်အုပ်စု အာဏာမြဲရေးအတွက်

၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း

ရင်နင့်စရာ မြင်ကွင်း

ဘီလူးဇာတ် ခင်းကာထွက်

အဆက်မပြတ် တရပ်စပ်

ပစ်ခတ်ကျည်ဆံကြား

ကျောင်းသားတွေ....ပြည်သူတွေ....

ရဟန်းရှင် သံဃာတော်တွေ

အသက်ချွေခံကြရ

သွေးမြေကျ

တတိယအကြိမ်မြောက်

သေနတ်ဖေါက် အာဏာသိမ်း

အရေးတော်ပုံ ဖျက်သိမ်းလာ

န.၀.တ ဆိုတာ ပေါ်ထွက်။

(ဒီကနေ့ န.အ.ဖ အထိ)

ပက်စက်....ရက်စက်နေတုန်းပေါ့။

♣ ဒီတော့.......

ဒီမိုကရေစီအရေးအတွက်

အသက်စတေးခဲ့ သူတွေ....

ထောင်နံရံ အခန်းကျဉ်းထဲက

ရဲဘော်ရဲဘက်တွေ......

စွန့်သွားကြသူတွေ

သူတို့တွေရဲ့ ရည်မှန်းချက်

သမိုင်းရဲ့တောင်းဆိုချက်

မြန်မာပြည်ရဲ့လိုအပ်ချက်မို့

ယုံကြည်ချက် ခရီးအတွက်

သမိုင်းရေးတဲ့ လက်

မပျက်ပါစေနဲ့ညီလေး။

ရှစ်လေးလုံးစိတ်ဓါတ်

အဆိပ်ခတ်မခံရစေနဲ့ညီလေး။

သမိုင်းပေးတာဝန်

ကျွေပွန်ကြပါညီလေး။ ........ ။


မှိုင်းမျိုးနော်
8-8-1988

လွတ်မြောက်နယ်မြေမှ ချေကွေဗားရား ဖျော်ရည်များ” သံချပ်

Image and video hosting by TinyPic

ဝင်ရောက်ခဲ့သော မိတ်ဆွေများ

Sea Ray
Free Web Page Counters
Sea Ray

သွေးချင်းတို့ မိတ်ဆွေဖွဲ့ ရအောင်



outils webmaster
geolocation

ဝင်ရောက်နေသူမိတ်ဆွေများ

User Online

Blog Archive

  • ▼  2008 (56)
    • ►  March (20)
    • ►  April (24)
    • ▼  May (10)
      • SummaryRest of your post
      • တရားမျှတသည့် ဆန္ဒခံယူပွဲဖြစ်ရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြ...
      • ဆန္ဒခံယူပွဲကာလအတွင်း လုံခြုံရေး တင်းကြပ်
      • နာဂစ် ကြောင့် စစ်သင်္ဘော(၇)စီးနှင့် အရာရှိစစ်သည် (၂၅...
      • လူထုအခက် ထောက်ခံမဲအတွက် လုပ်နေသော န၀တခေါ်နအဖ
      • ကပ်ဘေးကိုကျော်လွန်ဖို့ ကန့်ကွက်မဲပေးကြစို့ ဗမာပြည...
      • “ဧရာဝတီအတွက် ငိုချင်း”
      • တူမကြီးဖတ်ဖို့ (၁)
      • ငြိမ်းအဖွဲ့ ခေါင်းဆောင်များ ထောက်ခံမှုနဲ့ ပြည်သူ့ဆန...
    • ►  June (2)
  • ►  2010 (1)
    • ►  October (1)

“ ရွက်ကျိုးရင်တက်ထိုးလှော်ရမယ်။ တက်ကျိုးရင် လက်ထိုးလို့ လှော်ကိုလှော်ရမယ်။ တော်လှန်ရေးတရပ်ဆိုတာ စိတ်ဓါတ် အရေးကြီးဆုံး၊ မြန်မာပြည် တော်လှန်ရေး အဆင့်ဆင့်သမိုင်းကို ပြန်ကြည့်ရင် ဦးတည်ချက်၊ ယုံကြည်ချက်၊ ရည်မှန်းချက်၊ ဇွဲ၊ စိတ်ဓါတ်၊ သတ္တိ တွေကြောင့် အဆင်ဆင့်တိုးတက် ဖြစ်ထွန်းလာခဲ့တာ ဖြစ်တယ် ”

“ ကျောင်းနံရံတ၀ိုက် ရွက်ကျိုးရင်တက်ထိုးလှော်တဲ့စိတ်ဓါတ်နဲ့ ဒေါင်းအလံပြန်စိုက်မယ်၊ ဒါဟာ ဥတ္တရရဲ့ရည်မှန်းချက်။ ရည်ရွယ်ချက် ဖြစ်တယ် ”

Simple theme. Powered by Blogger.