Tuesday, May 13, 2008

ငြိမ်းအဖွဲ့ ခေါင်းဆောင်များ ထောက်ခံမှုနဲ့ ပြည်သူ့ဆန္ဒမဲများ

တိုးတက် (PMV)

လွန်ခဲ့သည် ၂၀၀၈ခုနှစ် မေလ (၉/၁၀)ရက်နေ့များတွင် စစ်အုပ်စုက ကျင်းပပြုလုပ်ခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအတည်ပြုရေး မဲဆန္ဒခံယူပွဲတွင် အပစ်အခတ် ရပ်ဆဲထားသည့် ငြိမ်းအဖွဲ့အချို့မှ ခေါင်းဆောင်များကိုယ်တိုင် ထောက်ခံမဲများ ထည့်ဝင်ခဲ့ခြင်းများ ရှိခဲ့သလို ခေါင်းဆောင်များကိုယ်တိုင် ဆန္ဒမဲထည့်ဝင်ခြင်း မရှိသည့် အဖွဲ့များလည်းရှိခဲ့ကြောင်း သတင်းရရှိသည်။

အပစ်အခတ်ရပ်စဲထားသော ငြိမ်းအဖွဲ့များမှ ခေါင်ဆောင်များကိုယ်တိုင် စစ်အုပ်စုမှကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ဆန္ဒခံယူပွဲတွင် ထောက်ခံမဲထည့်ခဲ့သော ဒေသများတွင် နအဖမှ မဲအပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီး ခေါင်းဆောင်များကိုယ်တိုင် ဆန္ဒမဲမပေးခဲ့သည့် အဖွဲ့အချို့တွင် ဒေသနေပြည်သူများနှင့် တပ်ဖွဲ့ဝင်များ၏ ဆန္ဒသဘော အရသာ မဲထည့်ခဲ့ကြသည့်အတွက် မဲအရေအတွက် ပြတ်သားစွာ အနိုင်ရရှိခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

နအဖဖြင့် အပစ်ရပ်စဲထားသော ကေအိုင်အို အဖွဲ့မှ ဗဟိုကော်မတီဝင် (၂)ဦး၊ တပ်မဟာမှူး (၂)ဦး တို့နှင့် အမာခံကေဒါများမှ ဦးဆောင်၍ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ထည့်ခဲ့ကြောင်း သိရှိရသည်။ ကချင်အထူးဒေသ(၁) ဆဂုန်တိန့်ယိန်းအဖွဲ့ နယ်မြေအတွင်းတွင်လည်း ဦးဇဂုန်တိန့်ယိန်းကိုယ်တိုင် ထောက်ခံမဲထည့်ခဲ့ပြီး၊ ကိုးကန့်အဖွဲ့မှလည်း ဗဟိုကော်မတီဝင် (၂)ဦးမှ ဦးဆောင်၍ မေ(၉/၁၀)ရက်နေ့တွင် ထောက်ခံဆန္ဒမဲအား ထည့်ခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်၍ ကေအိုင်အို နယ်မြေ၊ အင်န်ဒီအေကေ ဦးဇဂုန်တိန့်ယိန်း နယ်မြေအတွင်းနှင့် ကိုးကန့်ဒေသများ အတွင်းတွင် နအဖမှ ဆန္ဒမဲများကို အပြတ်အသတ်အနိုင်ရရှိသွားကြောင်း သိရှိရသည်။

အခြားအပစ်ရပ်အဖွဲ့များဖြစ်သော “၀” အဖွဲ့၊ ၈၁၅ဒေသ ဦးစိုင်းလင်း အဖွဲ့များမှ မည်သည့် ဗဟိုကော်မတီဝင်မှ ဆန္ဒမဲ မပေးခဲ့ကြောင်းကိုလည်း သိရှိရပြီး ဆန္ဒမဲများ အနေဖြင့်လည်း ပြတ်သားစွာ ထောက်ခံမဲများ မရရှိခဲ့ကြောင်း သိရှိရသည်။



Summary

Rest of your post

No comments: