Monday, June 23, 2008
Tuesday, May 20, 2008
Tuesday, May 13, 2008
ငြိမ်းအဖွဲ့ ခေါင်းဆောင်များ ထောက်ခံမှုနဲ့ ပြည်သူ့ဆန္ဒမဲများ
တိုးတက် (PMV)
Summary
Rest of your post
တူမကြီးဖတ်ဖို့ (၁)
“ဧရာဝတီအတွက် ငိုချင်း”
♫ ဧရာဝတီရေ
နင့်မှာ နဂိုကမှ
ဒုက္ခတွေ တပွေ့တပိုက်နဲ့ပါဆို
နာဂစ်ရဲ့ မညှာတာမှုတွေကြောင့်
ဘ၀ပျက်နေရပါပေါ့လား....။
♫ ဧရာတီရေ
မိုင်ပေါင်းများစွာ စီးဆင်းလာခဲ့ပြီးမှ
ပင်လယ်ဝအထိ
အတိုင်းမသိ အကျိုးပြုနေခဲ့သမျှကို ကြည့်ရင်း
တသက်လုံးမွေးထားတဲ့ကြက်
တညတည်း ရိုက်သတ်သလို
အားလုံးကြွေပြုန်းနေရပေါ့.....။
♫ အခုတော့ ဧရာဝတီရေ
နင့်ကို မုန်တိုင်းကသတ်
စစ်တပ်က သတ်နဲ့
ရင်ဝယ်ပိုက်သားသမီးတွေလဲ
အရွယ်မရွေး သေနေကြရတာ ကြည့်ပြီး
နင့်မျက်ရည်တွေလဲ ကုန်ခမ်းတော့မှာ မဟုတ်ပါဘူး....။
♫ ဧရာဝတီရေ
နင့်မှာ မြန်မာ့သမိုင်းမှာ သာမက
ကမ္ဘာ့သမိုင်းမှာပါ
သေကြမှုတွေ
ပျက်စီးဆုံးရှုံးမှုတွေ
ရက်စက်မှုတွေ
လူသားချင်းမစာနာမှုတွေ
အားလုံးအပေါ်မှာ
စံတင်ရတော့မှာပေါ့....။
♫ ဧရာဝတီရေ
နင့်ရင်ခွင်က လူသေအလောင်းတွေ
ရွာပျက် အိမ်ပျက်တွေ
ကျန်နေတဲ့သူတွေရဲ့ ကျန်းမာရေးတွေကို
မသမာသူတွေက
ကိုယ်နဲ့မဆိုင်သလို လစ်လျူရှုနေလိုက်တာလဲ
သိပ်အသဲနာစရာ ကောင်းသလို
ဘယ်လိုမှလည်း နားမလည်နိုင်ဘူး....။
♫ အခုတော့ ဧရာဝတီရေ နင့်ရဲ့အလှ
နင့်ရဲ့ဘ၀ဟာ
အရှင်လတ်လတ် ငရဲကျနေသလို
မသမာသူလက်ထဲ
‘၀’ ကွက်အပ်နေရတာကိုက
နင့်ရဲ့ အနာဂါတ်အတွက်
ငါတို့ဆုံးဖြတ်ချက် ချရတော့မယ်....။
ထက်လွင်အောင်
၁၃.၅.၂၀၀၈
မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ ထက်လွင်အောင် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Summary
Rest of your post
Friday, May 9, 2008
ကပ်ဘေးကိုကျော်လွန်ဖို့ ကန့်ကွက်မဲပေးကြစို့
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏
ထုတ်ပြန်ချက်
(၃/၂၀၀၈)
(၁၀-၅-၂၀၀၈)
(၁) ပထမဆုံးအနေနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများနည်းတူ ဗမာပြည်ကွန်မြူနစ်ပါတီက လှိုက်လှဲဝမ်းနည်း ရပါကြောင်း ဖေါ်ပြလိုတယ်။
(၂) ဒီအချိန်ဟာ တမျိုးသားလုံးအတွက် အမင်္ဂလာအချိန် အမင်္ဂလာကာလ ဖြစ်တယ်။ ကပ်ဘေးဒဏ်သင့် ပြည်သူတွေ ကယ်ဆယ်ကူညီရေး လုပ်ငန်းကို ဦးစားပေး ဇောက်ချလုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကို လျစ်လျူရှုပြီး ဒီနေ့မှာပဲ နအဖက သူ့စစ်အာဏာ တရားဝင်ဖြစ်ရေး တခုတည်းကိုသာ ရည်စူးပြီး ဆန္ဒခံယူပွဲ လုပ်လိုက်တယ်။ အနာဂတ်ကာလတခုလုံး အမှောင်ဖုံးအောင် လုပ်လိုက်ခြင်းပါဘဲ။ မဲဆန္ဒရှင်ပြည်သူတွေဟာ နည်းမျိုးစုံ အကွက်ချ ညစ်ပတ်တာ ခံနေကြရတယ်။ ဘာပဲဖြစ်ဖြစ် ဘ၀နဲ့ရင်းပြီး ပြည်သူတွေ ဆန္ဒမဲပေးနေကြပါပြီ။
(၃) စစ်အစိုးရရှိနေသမျှ ဒုက္ခမျိုးစုံ ဆက်ခံစားနေကြရဦးမယ်ဆိုတာ ပြည်သူတွေ သိကြပါတယ်။
နောက် (၂)ပတ်အကြာမှ ထပ်ပြီး ကပ်ဘေးသင့်ပြည်သူတွေ မဲပေးကြရဦးမယ်။ လူမှုဒုက္ခတွေက ကင်းဝေးဖို့ ဆိုရင်တော့ သွန်အောပြီး ကန့်ကွက်မဲပဲ ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Summary
Rest of your post
Thursday, May 8, 2008
လူထုအခက် ထောက်ခံမဲအတွက် လုပ်နေသော န၀တခေါ်နအဖ
ဥတ္တရ
၂၀၀၈မေလ(၇)ရက်
ယင်းကြိုတင်ဆန္ဒမဲ ကောက်ယူမှုအား နမ်းခမ်းမြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူး လှတင်၊ ရှေ့တန်းချေလျင်တပ်ရင်း အမှတ်(၂၉၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းထွဋ် နှင့် နမ့်ခမ်းမြို့ မယကဥက္ကထ ဦးတင်လှိုင် တို့ကိုယ်တိုင် ဦးစီးဦးရွက်ပြုကာ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတစုလျှင် ကျေးရွာ(၃)ရွာစီရှိပြီး ကျေးရွာတရွာလျှင် ဦးရေ (၃၀၀)ခန့်အား ကြိုတင်ဆန္ဒမဲ ကောက်ခံသွားကြောင်း သိရှိရသည်။ ကျေးရွာများတွင် ဆန္ဒမဲကောက်ခံရာ၌ ကျေးရွာလူကြီးအိမ်များတွင် စားပွဲခုံကလေးများသာ ခင်းကျင်းပြီး ရယက စာရေးများကိုယ်တိုင် အမည်စာရင်းမှတ်တမ်းတင်ပြီး လက်မှတ်နေရာတွင် အမှန်ခြစ်များ ခြစ်ကာ ထောက်ခံမဲများကို ရယူသွားခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။ အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလည်း ယင်းဒေသရှိ သက်ကြီးရွယ်အိုများ၏ ဆန္ဒမဲများအား ရယက စာရေးများမှ စာရင်းရေးသွင်းပြီး ထောက်ခံအမှန်ခြစ်များ ရေးသားကာ ထောက်ခံမဲရရှိကြောင်း အတည်ပြုရယူသွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုမြန်မာပြည်အတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူထုအနေဖြင့် ကိုယ်ချင်းစာ ၀မ်းနည်း ပက်လက်ဖြစ်နေချိန်၊ ပြင်ပမီဒီယာများမှ အာရုံစိုက်မှုမရှိချိန်တွင် နအဖအနေဖြင့် မုန်တိုင်းမခံစားခဲ့ရသော ဒေသများမှ ပြည်သူလူထုများအား ယင်းတို့၏ ဖွဲ့စည်းပုံ အတည်ပြု နိုင်ရေး အသုံးချ ဆောင်ရွက်နေကြကြောင်း သိရှိရသည်။
Rest of your post
နာဂစ် ကြောင့် စစ်သင်္ဘော(၇)စီးနှင့် အရာရှိစစ်သည် (၂၅၀)ကျော်ပျောက်ဆုံးနေ
ဥတ္တရ
၂၀၀၈မေလ (၇)ရက်
၂၀၀၈မေလ (၂)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဖြတ်သန်းတိုက်ခတ်သွားသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြန်မာ့ ရေတပ်မတော် ရေတပ်စခန်းဌာနချုပ်များဖြစ်ကြသော ပမ္မ၀တီ ရေတပ်စခန်း၊ ဧရာဝတီ ရေတပ်စခန်းကြီးများ အောက်ရှိ ဟိုင်းကြီးကျွန်း ရေတပ်စခန်းနှင့် အနီးတ၀ိုက် သံလျှက်စွန်းရေတပ်စခန်းနှင့် စခန်းဝန်းကျင် ပင်လယ်ရေပြင်တွင် တာဝန် ထမ်းဆောင်လျှက် ရှိနေသော မြန်မာ့ရေတပ်မတော်ပိုင် စစ်သင်္ဘော(၇)စီး လုံးဝနှစ်မြုပ်သွားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ် နေသူများထံမှ သိရှိရသည်။
အဆိုပါစစ်သင်္ဘော (၇)စီးတွင် (၅)စီးမှာ တိုက်ခိုက်ရေး ရေယာဉ်များဖြစ်ကြပြီး (၂)စီးမှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသော ရေယာဉ်များဖြစ်ကြောင်း သိရှိရသည်။ တိုက်ခိုက်ရေး ရေယာဉ် (၅)စီးတွင် (၃)စီးသည် တန်(၈၀၀)မှ (၂၀၀၀)တန် အထိ ရှိကြသည့် သင်္ဘောကြီးများဖြစ်ကြပြီး တန်(၂၀၀၀)အထိရှိသော တရုတ်နိုင်ငံမှ ၀ယ်ယူထားသော သင်္ဘောကြီးတစီးလည်း ပါဝင်ကြောင်း သိရှိရသည်။
၎င်းသင်္ဘော (၇)စီးပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိစစ်သည်အားလုံးလည်း ပျောက်ဆုံးနေကြောင်းသိရှိရသည်။ ပျောက်ဆုံးနေသော အရာရှိစစ်သည်များတွင် အရာရှိအင်အား (၃၀)ကျော်နှင့် အခြားအဆင့်စစ်သည် (၂၂၁)ဦးရှိကြောင်း သိရှိရသည်။
Summary
Rest of your post
Monday, May 5, 2008
ဆန္ဒခံယူပွဲကာလအတွင်း လုံခြုံရေး တင်းကြပ်
ဥတ္တရ
၅-၅-၂၀၀၈
Rest of your post
Saturday, May 3, 2008
တရားမျှတသည့် ဆန္ဒခံယူပွဲဖြစ်ရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်
ဥတ္တရ
၅-၅-၂၀၀၈
Summary
Rest of your post
Sunday, April 27, 2008
“နအဖဖွဲ့စည်းပုံထောက်ခံမဲ နှင့် တိုင်းရင်းသား အပစ်ရပ်ငြိမ်းအဖွဲ့များ”
၂၆-၄-၂၀၀၈
ယခုလည်း နအဖမှ ကျင်းပပြုလုပ်လာတော့မည့် မေလ (၁၀)ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြု နိုင်ရေး ဆန္ဒခံယူပွဲတွင် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် လူမျိုးစုအဖွဲ့အစည်းဒေသများရှိ ပြည်သူလူထု များကို အသုံးချကာ ၎င်းတို့အတွက် ထောက်ခံမဲရရှိရေးကို ပြုလုပ်နေလျှက်ရှိနေသည်။
ယခုအချိန်ထိ နအဖအနေဖြင့်လည်း လက်နက်ကိုင် အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ၏ မဲပေးရေး သဘောထား ဆန္ဒကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့အစည်းများ မှလည်း နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး ဆန္ဒမဲပေးပွဲတွင် မိမိတို့၏ အခြေခံဒေသရှိ ပြည်သူလူထုများ၊ မိမိတို့တပ်ဖွဲ့ဝင်များအပေါ် ထောက်ခံရန် (သို့မဟုတ်) ကန့်ကွက်ရန် ဆိုသည့် တရားဝင် သဘောထား ထုတ်ပြန်ချက်များ ချမှတ်ထုတ်ပြန်ပေးထားခြင်း မရှိသေးချေ။
သို့သော်လည်း နအဖအနေဖြင့် အပစ်ရပ် တိုင်းရင်းသားငြိမ်းအဖွဲ့ပိုင်နယ်မြေများတွင် မဲရုံများကြိုတင် သတ်မှတ်ပေးထားပြီး မဲပေးပိုင်ခွင့် ဦးရေများကို လျို့ဝှက်အကြောင်းကြား တရားဝင်ထုတ်ပြန်ပေးထားပြီး ဖြစ်သည်။ ဤကဲ့သို့ ထုတ်ပြန်ပေးပြီး နောက်ပိုင်းတွင် အချို့တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုနိုင်ရေး ဆန္ဒမဲပေးရန်အပေါ် အချို့အဖွဲ့များသည် မိမိပိုင်နယ်မြေအတွင်း ထောက်ခံမဲကိုသာပေးရန်အတွက် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် ညွန်ကြားထားရှိပြီး အချို့အဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များအပေါ် မည့်သည့် လမ်းညွန်မှုမျှ မပြုလုပ်ပဲ ပြည်သူလူထုနှင့် တပ်ဖွဲ့ဝင်များ၏ သဘောဆန္ဒအတိုင်းသာ လုပ်ဆောင်စေလိုသည့်သဘော မိမိတို့ဘာသာ ဆုံးဖြတ်ကြစေရန် ဆိုသည့် သဘောဖြင့် မည်သို့မျှ ညွန်ကြားခြင်းများ မရှိကြောင်းကိုလည်း တွေ့ရှိရသည်။
တရုတ်-မြန်မာနယ်စပ်ဒေသရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များတွင် ပြည်သူလူထုနှင့် မိမိတပ်ဖွဲ့ဝင်များအပေါ် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထောက်ခံမဲပေးရန် ကချင်အထူးဒေသ(၁) NDAK ဦးဇဂုန်တိန့်ယိန်း အဖွဲ့နှင့် ရှမ်းအထူးဒေသ (၅) KDA မထုနော် အဖွဲ့တို့အနေဖြင့် ထောက်ခံမဲသာပေးကြရန် ညွန်ကြားထားရှိ ကြသည်။ ကချင်အထူးဒေသ (၁) ဦးဇဂုန်တိန့်ယိန်း အဖွဲ့နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၆၉၄)ဦး၊ မဲရုံစုစုပေါင်း (၄)ရုံအဖြစ် နအဖမှ သတ်မှတ်ထားရှိပေးထားသည်။ နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲအတွက် အဓိက ထောက်ခံမဲရမည့် ဒေသဖြစ်သလို ထောက်ခံမဲပေါင်းလည်း (၃၆၉၄)ရရှိမှာ ဖြစ်ပါသည်။ ရှမ်းအထူးဒေသ(၅) KDA မထုနော် အဖွဲ့အနေဖြင့်လည်း မဲပေးနိုင်ခွင့်ရှိသူနှင့် မဲရုံအရေအတွက်ကို မသိရှိသော်လည်း ၎င်းတို့အဖွဲ့သည်လည်း ဦးဇဂုန်တိန့်ယိန်း အဖွဲ့ကဲ့သို့ပင် နအဖ၏ စစ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အဓိက ထောက်ခံမဲရမည့် ဒေသလည်းဖြစ်နေပါသည်။
ကချင်အထူးဒေသ(၁) KIO အဖွဲ့၊ ရှမ်းအထူးဒေသ (၁) ကိုးကန့်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KDUP) အဖွဲ့၊ ရှမ်းအထူးဒေသ (၂) “၀”အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (WNDP) အဖွဲ့၊ SSA(N)အဖွဲ့ နှင့် ဦးစိုင်းလင်း ဦးဆောင်သော ရှမ်းအထူးဒေသ (၄) တို့သည် နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုရေး ထောက်ခံမဲပေးခြင်းကို မည်သည့်သဘောထားမျှ ထုတ်ပြန်ထားခြင်း မရှိသလို မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များကိုလည်း မည်သည့် သဘောထားမျှချပြ ထုတ်ပြန်ပေးထားခြင်းမရှိကြပါ။
ကချင်အထူးဒေသ(၁) KIO အဖွဲ့ နယ်မြေအတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၂၆၆၉)ဦး၊ မဲရုံစုစုပေါင်း (၆၃)ရုံအဖြစ် နအဖ မှ သတ်မှတ်ထားရှိပေးထားကြောင်း သိရှိရသည်။ ရှမ်းအထူးဒေသ(၁) ကိုးကန့်အဖွဲ့ အနေဖြင့် မဲပေးပိုင်ခွင့်ရှိသူဦးရေး စုစုပေါင်း (၇၂၀၀၀)သတ်မှတ်ထားရှိ ပေးထားပြီး မဲရုံပေါင်း (၂၀)အထိ သတ်မှတ်ပေးထားသည်။ နအဖအနေဖြင့် မိမိတို့၏ စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံ အတည်ပြုရေးအတွက် ထောက်ခံမဲ အသင့်သင့် ရရှိသွားနိုင်ပေသည်။
ရှမ်းအထူးဒေသ(၁) ကိုးကန့်ဒေသသည် လွန်ခဲ့သည့် ၂၀၀၀ခုနှစ်တွင် ကိုးကန့်အဖွဲ့အတွင်း အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် နအဖ အုပ်ချုပ်ရေးကို အဓိက စိုးမိုးချယ်လှယ်လာခဲ့သော ဒေသလည်းဖြစ်သည်။ ကိုးကန့်ဒေသသည် အဓိက တရုတ်လူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ယင်းဒေသအနေဖြင့် ယခုပြုတ်ကျသွားပြီးဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်တွင် နအဖမှ အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်နေချိန်တွင် ကိုးကန့်ဒေသ အဖြစ်သတ်မှတ်ပေးခဲ့သော ဒေသဖြစ်သည်။ ယခုလက်ရှိနိုင်ငံရေးတွင်လည်း နအဖအနေဖြင့် ၎င်းတို့ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုနိုင်ရေးအတွက် ကိုးကန့်ဒေသအတွင်းရှိ တရုတ်လူမျိုးများအား အသုံးချ၍ ထောက်ခံမဲရယူလိုနေပေသည်။ တဖက်အနေဖြင့် လည်း ယခုလို ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ပြုရေးတွင် မိမိတို့အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ဦးရေများများ ရရှိရေးနှင့် မဲရုံများ များပြားစွာ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်ရေး၊ မိမိနယ်မြေ အတည်ပြုနိုင်ရေး ကိုသာ အဓိကကျနေပေသည်။ သို့အတွက် နှစ်ဦးနှစ်ဖက်အကြားတွင် နအဖအနေဖြင့် ၎င်းတို့အတွက် ထောက်ခံမဲ အတော်အတန် ရရှိနိုင်သော ဒေသဖြစ်နေပေသည်။
၎င်းကိုးကန့်အဖွဲ့နှင့် ဆန်ကျင်ဘက်အနေဖြင့် နယ်မြေအားဖြင့်လည်း အလွန်ကျယ်ပြန့်လျှက်ရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ မူရင်းတိုင်းရင်းသားများလည်းဖြစ်သည့် SSA(N) အဖွဲ့နယ်မြေအတွင်း နအဖ၏ မဲပေးပိုင်ခွင့်ဦးရေးကို (၅၃၀၀)သာ သတ်မှတ် ပေးထားပြီး မဲပေးပိုင်ခွင့်နယ်မြေအဖြစ် ကျေးရွာစီရင်စု (၆)စုသာ သတ်မှတ်ပေးထားသည်။ နအဖ၏ စစ်အုပ်ချုပ်ရေး အတည်မဖြစ်နိုင်ရေးအတွက် များစွာကန့်ကွက်မဲ ရရှိနိုင်သော ဒေသလည်းဖြစ်နေသည်။ သို့အတွက် နအဖအနေဖြင့် ကန့်ကွက်မဲ အများစုဖြစ်ပေါ်နိုင်သော SSA(N) အဖွဲ့တို့၏ နယ်မြေများနှင့် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုများသတ်မှတ်ပေးခြင်းသည် များစွာ နည်းပါးလျှက်ရှိနေသည်။ ယခုကဲ့သို့ နအဖ၏ မဲပေးပိုင်ခွင့် လူဦးရေသတ်မှတ်ချက်များနှင့် မဲပေးပိုင်ခွင့် ကျေးရွာစီရင်စုများ သတ်မှတ်ပေးချက်များအပေါ် လက်တွေ့မိမိတို့အမျိုးသားအရေးအတွက် ဦးဆောင်မှု ပြုနေတဲ့ ခေါင်းဆောင်များ၏ အပေါ်များစွာ တည်မှီလျှက် ရှိနေပေလိမ့်မည်။
ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ဖြစ်ရေးသည် နအဖ သက်စိုးရှည်စေရေးအတွက် များစွာအရေးပါနေသည့် အတွက် တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် လူမျိုးစု ဒေသခံပြည်သူများကို အသုံးချကာ ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံ အတည်ဖြစ်စေရေးအတွက် ထောက်ခံမဲရရှိရန် အလွန်လိုအပ်နေပေသည်။ တိုင်းရင်းသားလူမျိုးစု အဖွဲ့များ ဒေသရှိ ပြည်သူလူထုများ၏ ထောက်ခံမဲများသည်လည်း တနိုင်ငံလုံး စစ်အစိုးရအသက်ရှင် သက်စိုးရှည် မရပ်တည်နိုင်ရေးအတွက် များစွာ အရေးပါလျှက်ရှိနေပါသည်။ သို့အတွက်ကြောင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့်လည်း ယခုလိုအချိန်အခါတွင် မိမိတို့၏ထောက်ခံမှုဖြင့် စစ်အာဏာရှစ်စနစ် တည်တံ့ခိုင်မြဲရေးအတွက် သမိုင်းမှာ မကျန်ရှိစေပဲ ပြည်သူလူထုအား တိကျသော နိုင်ငံရေးဦးဆောင်မှုကို ရယူကာ စစ်အာဏာရှင် သက်စိုးရှည်မည့် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၀ိုင်းဝန်းတွန်းလှန် ကန့်ကွက် သွားကြရန် အလွန်လိုအပ်လှပေကြောင်း တင်ပြလိုက်ရပါသည်။
Summary
Rest of your post
Saturday, April 26, 2008
Friday, April 25, 2008
“နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲ နှင့် ကျေးရွာလူကြီးများ စီးပွားဖြစ်နေ”
၂၆-၄-၂၀၀၈
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နောင်းခိန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအာဏာပိုင်များသည် မဲရုံဆောက်လုပ်ရန်အတွက်နှင့် ၎င်းတို့ သွားလာခရီးစရိတ်များအတွက် ကျေးရွာလူထုများအပေါ် ငွေကောက်ခံနေပြီး ယင်းဒေသအတွင်း လာရောက် သစ်ထုတ်လုပ် နေသော တရုတ်သစ်ထုတ်ကုမ္ပဏီများထံမှ မဲရုံအကြောင်းပြ၍ ငွေကြေးလာဘ်ငွေများရယူကာ စီးပွားဖြစ်နေကြကြောင်း ဒေသခံများမှ တဆင့် သိရှိရသည်။
Thursday, April 24, 2008
“နောက်ဆုံး အမိန့်”
* အဓမ္မသမားတွေရဲ့ လက်ထဲမှာ
မတရားပြုကျင့်ခံရလို့
ဖွတ်ဖွတ်ကြေနေရတဲ့ တိုင်းပြည်
အော်....... ပြောလို့တောင် မကုန်တော့ပါဘူး။
* လူထုမှာ
အလိမ်အညာတွေအောက်
အလိမ်ခံနေရတာ
အခြိမ်းအခြောက်တွေအောက်
ထိတ်လန့်နေရတာ နှစ်တွေမနဲတော့ဘူး။
* လိမ်လို့ ခြောက်လို့ မရတဲ့အခါ
ထူးဆန်းတဲ့ ပုဒ်မတွေနဲ့ ဖမ်းတယ်
အကြောင်းမဲ့ ရိုက်တယ်
နောက်ပြီးတော့
အရေးယူမှုမရှိတဲ့ သူသတ်မှုတွေရှိတယ်။
* အဲဒီလိုနဲ့ ဖြတ်သန်းနေရတာ
တဖြည်းဖြည်းနဲ့ အသားကျလာသလို
စစ်အစိုးရနဲ့ ပြည်သူ
ရန်သူတွေဖြစ်နေကြရတာ
အကြောင်းမဲ့ မဟုတ်တော့ပါဘူး။
* အခုလဲလာပြန်ပြီ
စစ်တပ်က သခင်ဖြစ်ပြီး
လူထုက ကျွန်ဖြစ်ရမဲ့ စာချုပ်ကို
အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေမှတော့.......။
* သေချာပါတယ်
ကိုယ့်ချရင် ပြန်ချဆိုတဲ့ အမိန့်ကိုဘဲ
နာခံချင်တော့တယ်။
ထက်လွင်အောင်
၂၄-၄-၂၀၀၈
မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ ထက်လွင်အောင် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
Summary
Rest of your post
Thursday, April 17, 2008
Sunday, April 13, 2008
မျိုးဆက်သစ်လူငယ်များအစည်းအရုံး အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးနေ
ယခုအတောအတွင်း မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (generation wave) အဖွဲ့ဝင်များ၊ ပတ်သက်ဆက်နွယ် နေသူများကို နအဖစစ်အုပ်စုနှင့် လက်ကိုင်တုတ်တွေက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေမူများ ရှိနေသည့်အကြောင်း ၎င်းတို့အဖွဲ့ဝင်တဦးထံမှ သိရှိရသည်။
.NO NO NO
နိုးထကြလော့“အိုမြန်မာ
“လူထုဒေါ်အမာအတွက် ရက်လည်ဆွမ်းသွတ် တရားနာပွဲကို နယ်စပ်တနေရာတွင် ပြုလုပ်”
၁၃-၄-၂၀၀၈
ထိုအမျှဝေ တရားနာပွဲသို့ မြန်မာပြည်မြောက်ပိုင်းရှိ ဒီမိုကရေစီအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကွယ်လွန်သူ အမေလူထုဒေါ်အမာအား ရည်စူး၍လည်း နှစ်နိုင်ငံ နယ်စပ် ကျယ်ဂေါင်မြို့အတွင်းရှိ မြန်မာပြည်ဘက်မှ လာရောက်အလုပ်လုပ်ကိုင်နေကြသော ကျဘမ်းအလုပ်သမား (၂၀၀) ကျော်အား လူထုဒေါ်အမာ ဓါတ်ပုံနှင့် မှတ်သားဖွယ်ရာပြောကြားခဲ့သော စကားစုမျာဖြင့် ပြုလုပ်ထားသော ပို့စကပ်နှင့် အဖျော်ရည်ဗူးများ၊ မုန့်မျိုးစုံ၊ စီးကရက်ဗူးများကို ပေးဝေအလှူဒါန ပြုလုပ်ခဲ့ကြောင်းကို ဥတ္တရမှ သိရှိရပါသည်။
Summary
Rest of your post
Saturday, April 12, 2008
“တရုတ်နိုင်ငံလုပ် အမြောက်ဆွဲထရပ်ကားများ နယ်စပ်သို့ ထပ်မံရောက်လာ”
၁၁-၄-၂၀၀၈
ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံလုပ် စစ်ကားများ တင်သွင်းခြင်း ဖြစ်သည်။ ပထမအကြိမ်သည် ယခုနှစ်မတ်ခ်ျလ အစောပိုင်းတွင် ဖြစ်ပြီး တုန်ဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်သုံး သယ်ယူပို့ဆောင်ရေးယာဉ် အစီး(၅၀၀)ကို မြန်မာအစိုးရထံ လွှဲပြောင်းထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလတွင်လည်း တရုတ်နိုင်ငံလုပ် ဖေါ (Faw) တံဆိပ်ပါ စစ်သုံး အငယ်စားခြောက်ဘီးတပ် လူ၊ ကုန်တင်ယာဉ် အစီး (၄၅၀)ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
ယခုနောက်ဆုံးအခေါက်ပို့သည့် တုန်ဖုန်းယာဉ်ကြီးများသည် ခဲယမ်းမီးကျောက်များ တင်ဆောင်ပြီး ဟောင်ဝစ်ဇာ အမြောက်များကိုပါ ဆွဲယူ၊ သွားလာ၊ လှုပ်ရှားနိုင်သော စစ်သုံးယာဉ်ကြီးများ ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများထံမှ သိရှိရသည်။ ယနေ့တွင် စုစုပေါင်းအစီးရေ (၁၀၀)ခန့် ရောက်ရှိခဲ့ပြီး အတည်မပြုနိုင်သေးသော သတင်းများအရ စုစုပေါင်း ကားအစီးရေ (၂၀၀)ခန့် မြန်မာ နအဖ အစိုးရထံ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ဥတ္တရမှ သိရှိရသည်။
Summary
Rest of your post
Thursday, April 10, 2008
“ တပ်မတော်အတွင်းတွေ့ကြုံသိမြင် ခံစားခဲ့ရသော အဖြစ်အပျက်များ ”
သူရောက်လာသည့် ထိုရက်က ကျနော်သည် ထင်းပေါက်နေသည်။ တပ်တွင်း၌ လောင်စာမရှိ။ လောင်စာမပေးနိုင်။ ကျနော်တို့ တပ်မိသားစုများ၏ ချက်ပြုတ်စားသောက်ရန်နှင့် အနွေးဓါတ်သည်ကား တပ်ဘေးရှိ သစ်တောများ။ နှစ်စဉ်နှစ်တိုင်း ထိုတပ်ဘေးရှိ သစ်တောကို မှီခိုရသဖြင့် သစ်တောများရှားပါးလာကာ ဝေးလံသော ခရီးအထိသွားရောက်၍ ပင်ပင်ပန်းပန်း တပ်မိသားစုဝင်များ သစ်ခုတ်ကြရသည်။ ထိုသို့ တပ်ဘေးရှိ သစ်တောများကို အားကိုးရသည့်အပြင် မလုံလောက်သည့်အတွက် မိုးတွင်းကာလ မြစ်အတွင်းမှ မျှောပါလာသော ရေမျှောထင်းများကိုလည်း လှိုင်းထန်နေသော မြစ်အတွင်း၌ သက်စွန့်ဆံဖျား လှေငယ်များဖြင့် စွန့်စွန့်စားစား ဆယ်ယူ စုဆောင်းကြရသည်။ထိုရေမျှော သစ်ပင်များကို လွှနှင့်တိုက်ဖြတ်၊ ပုဆိန်ဖြင့်ပေါက်ခွဲကာ အိမ်အရောက် သယ်ယူပို့ဆောင်ကြရသည်။ ကျနော်တို့ မြစ်ကမ်းပါးသည်ကား အခြားကမ်းပါးများနှင့်မတူ အင်မတန်မှ မတ်စောက်လှသည်။ ထင်းရောင်းသည့် လုပ်ငန်းသည် ထိုအချိန်က တပ်မိသားစုဝင်များအတွက် တပ်အတွင်းတွင် အဓိကကျသည့် အသက်မွေးဝမ်းကြောင်း ဖြစ်ခဲ့ရသည်။
တပ်မတော်၌ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ဖြစ်သော
လေ့ကျင့်ရေးနှင့်တည်ဆောက်။
အုပ်ချုပ်ရေးနှင့်တည်ဆောက်။
သက်သာချောင်ချိရေးနှင့်တည်ဆောက်။
စိတ်ဓါတ်နှင့်တည်ဆောက်......။
ဟု ချမှတ်ထားသော်လည်း တပ်တွင်းရဲဘော်များနှင့် တပ်မိသားစုဝင်များကား မသက်သာရုံသာမက မချောင်လည်ခဲ့ကြပါ။ ဖေါင်စီးရင်း ရေငတ်သကဲ့သို့ပင်....။
တပ်တွင်းသက်သာချောင်ချိရေးဆိုင်ဆိုသည့် ဆိုင်းပုဒ်သည် သက်သာချောင်ချိရေး ဆိုင်ရှေ့၌ ချိတ်ဆွဲပြရုံမျှသာ.........။ သက်သာချောင်ချိရေးဆိုင်သည် ဖုံ်များနှင့် ပင့်ကူမျှင်များမှလွဲ၍ လူ့အကျိုးပြု ပစ္စည်းများ ဘာမှမရှိ..။ ဆိုင်အတွင်း တနေကုန်ထိုင်နေသော ရဲဘော်တယောက်သာရှိသည်။
ရေနံဆီပေးလျှင် တန်းစီရသည်။ ဖရောင်းတိုင်ပေးလျှင် တန်းစီရသည်။ အရောင်းထိုင်း ပစ္စည်းများကို လိုအပ်သော ပစ္စည်းများနှင့်တွဲ၍ ထိုးရောင်းသည်။ ဤမည်ပင် တပ်မိသားစုအပေါ် သက်သာစေရန် စေတနာ ထားမှုကြီးပင်တည်း.....။
ဒို့တာဝန်အရေးသုံးပါးထက် အဆတသောင်းမက အရေးကြီးသော စားရေး၊ ၀တ်ရေး၊ နေရေး ထိုအရေး........များ၌ တပ်မိသားစုဝင်များသည် မချောင်လည်ခဲ့ကြပါ။ ယခင်ကလည်း မချောင်လည်ခဲ့ပါ။ ယခုလည်း မချောင်ကြပါ။ ကြပ်သထက်ကြပ် နစ်သထက်နစ်မွန်းလာနေသည်။
တပ်တွင်း တပ်ရဲဘော်များ၏ မိသားစုများ၏ သက်သာချောင်ချိရေးကိုပင် မဖြေရှင်းနိုင်လျှင် ထိုပုထုဇဉ်လူသားဖြစ်သည့် လေ့ကျင့်နေကြသည့် ရှေ့တန်းထွက်နေရသော ရဲဘော်တဦး၏ တိုက်ခိုက်ရေး စိတ်ဓါတ်သည်လည်း မည်မျှပြင်းပြနိုင်မည်နည်း။ အနေကြပ်အစားကြပ်ဖြင့် နေနေရသော မိသားစုဝင်များ၏ ဘ၀များက ထိုတိုက်ခိုက်ရေးသမားကြီး၏ စိတ်ဓါတ်ကို မည်မျှ မြင့်မားစေနိုင်မည်နည်း။
ကျနော်တပ်ထဲနေစဉ် တပ်မိသားစုဝင်များ သုံးစွဲရေးအတွက် ရေကို မြစ်ထဲမှ စက်နှင့်စုပ်ယူ၍ ရေပိုက်လိုင်းများ သွယ်တန်းကာ တပ်ထဲသို့ပေးလေ့ ရှိသည်။ မိသားစုလိုင်းများတွင် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် ရေလှောင်ကန်များရှိသော်လည်း ထိုကန်များသည် ကျနော်တို့ ငယ်စဉ်ကလေးဘ၀ကတည်းက ကလေးများ တူတူပုန်းဆော့ကစားရာ ကန်ကြီးများသာဖြစ်ခဲ့သည်။ တပါတ်တခါ မြစ်ထဲမှ ရေစုပ်စက်ဖြင့် ရှားတောင့်ရှားပါး ရေတင်ပေးသော ရက်များတွင် ဘုစုခလေးများပါမကျန် တိုးခွေ့လုယက်ပြီး ရေကို တန်းစီကြရသည်မှာ ထိုခေတ်က သမ၀ါယမဆိုင်များတွင် ရေနံဆီနှင့် ဖရောင်းတိုင်ရဖို့ တန်းစီနေသကဲ့သို့ပင် ဖြစ်ခြေတော့သည်။ ရေလာသော ရက်များတွင် ကျနော်တို့ တတပ်လုံး ဆူညံပွက်လောရိုက်နေသည်မှာ ရွှေကျင်သမား ရွှေတွင်းတွေ့ သကဲ့သို့။ မှိုရှာသမားမှိုတွေ့ သကဲ့သို့ပင်။ ဟေး.....။ ဟား......။ ၀ူး......၀ါးနဲ့ ပျော်လိုက်ကြသည့်အဖြစ်မျိုး။ တခါတရံ တပါတ်တခါမှလာသော ထိုရေသည် ညသန်းခေါင်သန်းလွဲမှ ပေးတတ်သည်က ရှိသေးသည်။ ထိုအချိန်၌ အိပ်မှုံစုံဝါးထကာ မျက်ချေးကိုပွတ်၍ ရေကိုတန်းစီကြရသည်။
မီးဆိုသည်ကား......။ လောင်စာဆီရှိသော ရက်များ၌သာ တပ်ပိုင်မီးစက်ဖြင့်နှိုး၍ မီးပေးသည်။
ညနေမှောင်ချိန်မှ စ၍ (၉)နာရီခန့်သာ မီးရသည်။ လာသည့်မီးအရောင်သည်ကား ခရမ်းချဉ်သီး တပ်ထားသည်ကမှ ပို၍ လင်းပေအုံးမည်။ ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်းတွင် ရေနံဆီမီးခွက်များ ဆောင်ထားကြရသည်။ ငယ်စဉ်ခလေးဘ၀ စွဲစွဲမြဲမြဲ မှတ်မိနေသည်က....။
ညပိုင်းတွင် ကျနော်တို့စာကျက်ချိန်၊ စာကြည့်ချိန်အတွက် လုံလောက်သည့် မီးမရသည့်အတွက် မနက်ပိုင်းအချိန်ကိုသာ အားကိုးခဲ့ရသည်။ မနက်တွင် မီးလေးဖိုကာ ထိုမီးအလင်းရောင်ဖြင့်သာ စာကျက်ခဲ့ရသည့် နှစ်ပေါင်းများစွာကို ကျနော်တို့တပ်မိသားစုများ ကျော်ဖြတ်ခဲ့ရသည်။
တခါတရံမှလာတတ်သော ထိုမီးလာသောရက်များသည်လည်း ရေလာသည့်ရက်များကဲ့သို့ တတပ်လုံး ပျော်ရွှင်မြူးတူးခဲ့ရသည့်ရက်များ။ လူငယ်ဘာဝ မီးလာလျှင် ကျနော်တို့သည် လိုင်းတကာလှည့်၍ သူငယ်ချင်းများဆီသို့ အလည်အပါတ်သွားကာ စကားစမြည်ပြောကြသည်။ ထိုမီးရောင်လေးအောက်များ၌ ၀ိုင်းဖွဲ့၍ ဂီတာတီးကြသည်။ မီးလာသောရက်သည် ကျနော်တို့အတွက်ရွှေရက်။
တပါတ်တခါပြလေ့ရှိသော တပ်တွင်းမိသားစုများ ဖျော်ဖြေရေးအတွက် တခုတည်းသော ရုပ်ရှင်ရုံအောက်၌ မိသားစုဝင်များသည် တိုးဝှေ့တိုးခွေ့လျှက်ရှိသည်။ ကျနော်တို့မြန်မာလူမျိုးများသည် အနုပညာကို အခုံအမင်စုံ လူမျိုးများဟု ပြောလျှင်မှားမည်မထင်။ ရုပ်ရှင်ပြသည့်ရက်တိုင်း ကျနော်တို့ ခလေးများသာမက တပ်မိသားစုများသည် ရုပ်ရှင်မပြမှီ ကြိုတင်ခေါင်းလောင်းသံကို ရင်ခုန်စွာ စောင့်မျှော်လျှက်ရှိကာ ပိတ်ကားကြီးကို ငေးမောလျှက်.......။ တပ်တွင်းရုပ်ရှင်ရုံ၌ ပိတ်ကားကြီးထောင်သည့်ရက်သည် တတပ်လုံး ပျော်ရွှင်မြူးတူး ရသည့်ရက်များ။ ထိုရက်တွင် တပ်တတပ်လုံးသည် အုံးအုံးကြွက်ကြွက်။
ရုပ်ရှင်ကပြတော့မည်။ ဒုတိယကမ္ဘာစစ်လက်ကျန်စက်ကြီး အသံက တကျည်းကျည်းမြည်လာသည်။ တရုံလုံးသည် အပ်ကျသံမျှမကြား ငြိမ်သက်နေကြသည်။ ငိုနေသည့် ခလေးသည်ပင်လျှင် ထိုအချိန်၌ တိတ်သွားတတ်သည်။ ဖလင်ထည့်ပြီးမပြီးကို စောင့်ကြည့်နေသူကလည်း ရှိသေးသည်။ ရုပ်ရှင်ပြပြီး (၁၀)မိနစ်ခန့်ပင်မကြာ မီးကပျက်သွားသည်။ တရုံလုံးအော်လိုက်သည့် အသံသည် ကမ္ဘာပျက်သည့် အလား ဖြစ်သည်။ မီးအလာကို စောင့်ရင်းစောင့်ရင်း အိပ်ပျော်သွားကြသည်။ ဤသို့ဖြင်......့
ယနေ့ည မီးမလာတော့၍ ထိုရုပ်ရှင်ကားကြီးအား မနက်ဖြန်ဆက်၍ ပြပါမည်ခင်ဗျားဟု ကြေညာလိုက်မှသာ အိပ်ပြန်အိပ်ကြသည်။ မကြေညာသေးသ၍တော့ မိုးလင်းသည်အထိ စောင့်ကြည့်ကြမည့် လူမျိုး။ ဤသည်ကား တပါတ်မှာ တကြိမ်လျှင်ပြသည့် ရက်မျိုး။ ကျနော်တို့ကတော့ ပိတ်ကားကြီးအား လက်သီးနှင့် ထိုး၊ ခြေထောက်နှင့်ကန် ၊ ပြောင်းဖူးရိုးနှင့်ပေါက် ဤသို့ငယ်စဉ်က အံတုခဲ့ကြသည်။
လျှပ်စစ်မီးလောက်ကိုပင် မစီမံတတ် မကွပ်ကဲတတ်သော... တပ်။ တပ်မိသားစုများအပေါ် အလေးမထားသော... တပ်၊၊ ထိုကဲ့သို့ အုပ်ချုပ်ရေးစွမ်းရည်ပြည့်ဝသည့် တပ်မျိုး။
တပ်မိသားစု ရဲဘော်များကို ပေးထားသည့်အခန်းကိုလည်း ကြည့်လိုက်အုံးလေ။ (၁၀)ပေပါတ်လည် အခန်းလေးမျှသာ။ တအိမ်ထောင်လျှင် မိသားစု အနည်းဆုံး(၆)ဦးခန့်ရှိသော မိသားစုဝင်များအတွက် ဖင်လှည့်ခေါင်းလှည့်ရုံမျှရှိသော အခန်းများသာ။ သစ်သားပျဉ်ပြားများဖြင့် ဆောက်လုပ်ထားသော အခန်းများဖြစ်သည့်အတွက် သစ်သားများသည် ဆွေးမြေ့ပျက်စီးလျှက်ရှိသော်လည်း တာဝန်ခံ၍ ပြုပြင်ပေးခဲ့သည်ကိုမူ ကျနော်တပ်အတွင်းနေသည့် အနှစ်(၂၀)ကာလအတွင်း တခါမျှပင်မတွေ့ခဲ့။
စစ်တိုက်ရန်၊
စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊
စစ်တိုက်ရန်နှင့် လေ့ကျင်ရန်မရှိက ပြည်သူအကျိုးပြုလုပ်ငန်းများကိုလုပ်ရန်..... ဟု
ကြည်း၊ ရေ၊ လေ တပ်မတော်သားများ လုပ်ငန်းလမ်းညွန်အဖြစ် ပြဌာန်းထားရှိသည်။
တပ်ဖွဲ့ဝင်မိသားစုများပင် စားဝတ်နေရေး မလောက်မငှ ဖြစ်နေသောအချိန်၌ မည်ကဲ့သို့များ ပြည်သူ့အကျိုးကို လုပ်နိုင်မည်နည်း။ အထက်အမိန့်အရ၊ တာဝန်အရ ခိုင်းစေခံရ၍ လူထုအကျိုးပြု လုပ်ငန်းများကို လုပ်ကြသော်လည်း မည်သူမျှ မိမိအလုပ်ကဲ့သို့ စိတ်မ၀င်းစားကြ။ ၀တ်ကြေတမ်းကြေ ဖြစ်ကတတ်ဆန်း လုပ်ကြသည်က များသည်။
တခါက.............
တပ်မတော်သားများနှင့် ကြံစိုက်လိုက်ဖူးသည်။ မျိုးကြံချောင်းများကို ကြံမြောင်းထဲသို့ စီရီကာရီကာ မထည့်ပဲ ဖြစ်သလိုထည့်စိုက်ခဲ့သည့်အတွက် အခင်းပိုင်ရှင်လူထုများက အကြီးအကျယ် တပ်မတော်သားများအပေါ် စိတ်ပျက်ခဲ့ကြောင်း သိရှိရသည်။ လူထုအကျိုးပြုလုပ်ငန်းစဉ်ကြီးက လူထုဆန့်ကျင်ရေး လုပ်ငန်းစဉ်ကြီးသာ ဖြစ်ခဲ့သည်။ ပြည်သူကြားမှ ပေါက်ဖွားလာသည့် တပ်မတော်မိသားစုများအား အခြေခံကြသည့် ရေမီးမျှပင်လျှင် မဖြည့်စွမ်းနိုင်လျှင် လူထုကြီးတရပ်လုံး၏ အကျိုးပြုလုပ်ငန်းကို မည်ကဲ့သို့လုပ်မည်နည်း။ စားဝတ်နေရေး ဘ၀ပင်လျှင် မဖူလုံ မလောက်ငှသော တပ်မိသားစုဝင်က မည်ကဲ့သို့ လူထုအကျိုးပြုလုပ်ငန်းကို စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်၍ လုပ်နိုင်မည်နည်း။
လူထုကြီးတရပ်လုံး စီးပွားရေး မီးပင်လယ်ကြီးကို သေလုမျှောပါး ဖြတ်သန်းနေရချိန်၌ ယခု တပ်မတော်အတွင်း မိသားစုဝင်များသည်လည်း အပြင်ထွက်၍ ၀မ်းစာရှာဖွေ စားသောက်နေရသည့် ခေတ်သို့ပင် ယခုအချိန် တိုးတက် တက်လှမ်းလာနေပြီ ဖြစ်သည်။ တပ်မတော်အတွင်း၌ ကျနော်နေခဲ့စဉ် တပ်မိသားစုဝင်များ အပြင်သို့ထွက်၍ စီးပွားရှာဖွေခွင့် မရခဲ့။ ထိုစဉ်က ကျနော်တို့ တပ်အတွင်း မိသားစု ၀င်များ၏ ပြင်ပအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများမှာ ထင်းစုဆောင်း ရောင်းချခြင်း၊ ရွှေကျင်ခြင်း၊ ငါးဖမ်း၍ ရောင်းချခြင်းသာလျှင် ဖြစ်ခဲ့သည်။ ထိုအလုပ်များသည်ကား တပ်ဘေးနားမှာတွင် ရှိကြသော အလုပ်များ ဖြစ်ကြသည်။
ယခုတွင်မူ တပ်မိသားစုဝင်များသည် တပ်ခြံအပြင်ထွက်၍ အလုပ်လုပ်စားနေကြရပြီ။
အ၀တ်လျှော်ခြင်း၊ ပန်းရံလိုက်ခြင်း၊ ဟင်းသီးဟင်းရွက်ရောင်းခြင်း၊ ပုရစ်ကောက်ရောင်းခြင်း၊ သက်ငယ်ရိတ် ရောင်းခြင်း၊ ကျောက်ခဲကောက် ရောင်းခြင်း၊ ချဲရောင်းခြင်း၊ ကြုံရာကျဘမ်း အလုပ်များဖြင့် ခက်ခက်ခဲခဲ အသက်မွေးဝမ်းကြောင်းပြုလာနေရသည်ကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်ကြီးများ။
ပြည်ထောင်စု မပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး
အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး ဟု
တပ်ထုအကြား၊ လူထုအကြား၌ မျက်စိမှိတ်၍ စွတ်အော်နေသောလည်း ကျနော်ငယ်စဉ်တပ်မတော်ထဲမှ ကြီးသည်အထိ တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးဆိုသည့် စကားလုံးများ၊ ဝေါဟာရများကို လုံးဝကြားမိခဲ့ခြင်း မရှိပါ။ ထိုကိစ္စများကိုလည်း တပ်မိသားစုဝင်များအား ချပြပြောဆို စည်းရုံးခဲ့သည်ဟူ၍ မရှိခဲ့ဘူးပါချေ။ တပ်အတွင်း တပ်မတော်စာစဉ်နှင့်ကြီးပျင်းခဲ့ရသော ကျနော်တို့သည် ငယ်စဉ်က သူပုန်ဆိုလျှင် ရုပ်ဆိုးဆိုး၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ထူလပြစ်၊ ပါးနှစ်ဖက်ပေါ်တွင် ပလာစတာနှစ်ခုက ကြက်ချေကပ်ထားသည်။ ရုပ်ရှင်ပြသည့်အခါတွင်လည်း ထိုပုံစံများကိုသာ အပီအပြင်ရိုက်ပြသည်။ အရက်သောက်၊ ကြက်ပေါင်ကိုက်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သည့် အခန်းများကသာ များသည်။ တပ်မတော်စာစဉ်ထဲတွင် အဓိက သူတို့အလေးထားရေးသားသည်ကား ပြည်ထောင်စုမပြိုကွဲရေး။ ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဟူ၍သာ....။ ထို့ကြောင့် တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကို ထိုစဉ်က ရဲဘော်များသာမက ယခုရဲဘော်များပါ လုံးဝလုံးဝ သိကြမည် မထင်ကြပါ။ တိုင်းပြည်နှင့် လူထုအပေါ် စစ်မှန်သောစေတနာ ရှိသည်ဆိုပါက အဘယ်ကြောင့် တပ်ထုအတွင်း၌ ပြည်ထောင်စုစစ်စစ်မူကို မချပြသနည်း၊ ဘာကြောင့် မချရဲကြသနည်း။
ကျနော်တပ်ထဲ၌ နေစဉ် တပ်ရင်းတရင်းလုံး ရှားရှားပါးပါး ကချင်အမျိုးသား တပ်ကြပ်ကြီးနှစ်ဦးနှင့် သူ၏မိသားစု၊ ကရင်အမျိုးသား တပ်ခွဲတပ်ကြပ်ကြီး နှစ်ဦးနှင့် သူ၏မိသားစု၊ ဗမာရဲဘော်မှ ယူထားသော “၀” အမျိုးသမီးတဦးကို မြင်ခဲ့ဘူးပါသည်။ ချင်းနှင့်ရခိုင်များသည်ကား များပြားလှသည်။
ငယ်စဉ် ဗမာအများစုကြား၌ သူတို့သည် အနှိပ်ခံဘ၀အဖြစ်သာ ခေါ်ပြောဆက်ဆံကြသည်ကို တွေ့ခဲ့ရသည်။ ဟဲ့...ကချင်မ။ ဟဲ့....ရှမ်းမ။ ဟဲ့...ကရင်မ ဆိုသောစကားများက ကျနော်၏ ငယ်စဉ်နားထဲ၌ ခါးသက်သက် အရသာကိုသာ ခံစားခဲ့ရသည်။ တပ်တွင်း ခလေးများသည်ပင်လျှင် ထိုတိုင်းရင်းသား အမျိုးသမီးများကိုပင်လျှင် အတုမြင်အတတ်သင်ကြသည့်အနေဖြင့် ကချင်မကြီး၊ ကရင်မကြီး၊ ရှမ်းမကြီး ဟု ရိုင်းရိုင်းစိုင်းစိုင်း ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်ကို အမှတ်ရနေသည်။ ထိုအမြင်များဖြင့် ကြီးပြင်းလာကြသော ထိုခလေးများသည် ယနေ့တပ်မတော်ထဲ၌ အရာရှိ၊ အရာခံများအဖြစ်သို့ပင် ရောက်ရှိကုန်ကြပြီ။
မြန်မာ စကားပုံရှိသည်။ မရှိတာ ထက်၊ မသိတာ ခက်။ ခက်နေသည်က တပ်မတော်သားများက ဘာမျှကို သိမြင်နားလည်ခြင်း မရှိကြပေ။ လူထု၏ နားမျက်စိများကို ပိတ်ထားရုံသာမက တပ်မတော်သားများ၏ အမြင်အာရုံ အကြားအာရုံများကိုလည်း လုံးဝပိတ်ပင်ချုပ်ချယ်ထားခြင်းကြောင့် တပ်မတော်သည် အရာရှိ၊ အရာခံမှအစ အောက်ခြေ အကြပ် စစ်သည်အဆင့်အထိ နိုင်ငံရေးကို လုံးဝနားလည်ခြင်းမရှိသည့်အတွက် မတရားသော အမိန့်များကို နာခံရသည့် တပ်မတော်အဖြစ်သို့ ကျရောက်နေကြရသည်။ တိုင်းရင်းသားအရေး ပြည်ထောင်စုအရေးကိုပင်မဆိုထားနှင့် ရဲဘော်တဦး၏ အထက်ပါ စား၊ ၀တ်၊ နေရေး အရေးသုံးပါးအတွက် ကိုယ်ရသင့်ရထိုက်သည့် အခွင့်အရေးကိုပင်လျှင် မသိကြချေ။ ထိုအခွင့်ရေးများကို သိလျှင် ထိုအခွင့်အရေးများကို တောင်းဆိုသည့် လုပ်ရှားမှုများဖြစ်ပေါ် လာလိမ့်မည်ဟု ကျနော်ယုံကြည်မိသည်။ တပ်မတော်အတွက် ဆန်အိုးထဲမှာ ဆန်နဲနဲ ရှိနေသေးသည်။ လူထုအတွက်မူ ဆန်အိုးထဲ၌ ဆန်မရှိတော့။ ဆန်ဘာကြောင့်မရှိသည့် ပြဿနာကို လူထုကသိလာကြပြီ ဖြစ်သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လုပ်ခြင်လျှင် အပေါ်ယံဟန်ပြလုပ်၍ မရ။ ကချင်တိုင်းရင်းသားများအား မခုတ်ဒါးမထိုးလှံ၊ ကချင်ပုဆိုး ကချင်လွယ်အိတ်ပေးခြင်းဖြင့် လုပ်၍မရ။ ညီညွတ်ရေးဆိုသည်ကား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှုမှတဆင့် ယုံကြည်မှုတည်ဆောက်ကာ လုပ်ရသော အလုပ်မျိုး။ ယနေ့ နအဖ၏ မျက်စိမှိတ် အော်နေသည့် ညီညွှတ်ရေးသည်ကား ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် ကိုယ့်အချင်းချင်း ကုလားထိုင် မြဲရေးပေါ်မှာ အချင်းချင်း အပြန်အလှန်ညီညွှတ်နေသည့် စားဖားညီညွတ်ရေးပင် ဖြစ်သည်။
စည်းရုံးရေးစွမ်းရည်
စစ်ရေးစွမ်းရည်
အုပ်ချုပ်ရေးစွမ်းရည်ကိုလည်း ငယ်စဉ်က အံ့မခန်းဘွယ်ကြုံတွေ့ခဲ့ဖူးရသည်။
တပ်မှူးကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဘောလုံးကန်ရမည်ဟု ဆိုလာသည်။ တပ်တွင်းရှိ လူငယ်အသင်းနှင့် တပ်ဘေးရှိကျေးရွာများမှ တိုင်းရင်းသား ကချင်လူငယ်အသင်းတို့ တပ်တွင်းဘောလုံးကွင်း၌ ဘော်လုံးကစားကြမည်။ ထိုပွဲ၌ ကျနော်တို့ လူငယ်များအား အနိုင်မကန်ရ အရှုံးပေးကန်ရမည်ဟု အမိန့်ချလာသည်။ လက်တွေ့ဘောကွင်းထဲ ရောက်သောအခါ သူပြောသလို မဟုတ်တော့။ အားကစားဆိုသည်မှာ အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ဖြင့် ကစားရသောပွဲ။ ကျနော်တို့လူငယ်များ၏ သဘာဝပင်ကိုယ်စိတ်ဓါတ်သည်ကား တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်ဆိုသည့် စိတ်ဓါတ်မျိုး၊ နိုင်ရမည်။ အောင်ရမည်ဆိုသည့် စိတ်ဓါတ်က လူငယ်များ၌ ပါလာသည့်မျိုးစေ့။ ထိုရက်က ကျနော်တို့ အနိုင်ကန်ပစ်လိုက်သည့်အတွက် ကျနော်တို့အဖေများ တပ်ရင်းမှူး၏ ဆူပူကြိမ်းမောင်းပြစ်တင် ခံလိုက်ရသည်။ တပ်မှူးကြီးက ဘောလုံးကန်ပွဲလုပ်၊ ပြီးရင် အရှုံးပေးလိုက်။ ဤနည်းဖြင့် လူထုစည်းရုံးရေး အောင်မြင်မည်ဟု ထင်မြင်ယူဆသည်။ “လူထုစည်းရုံးရေး” ဆိုသည်ကား သူတို့ဘ၀အား ထဲထဲဝင်ထဲထဲမြင်ပြီး လူထုနှင့် တသားတည်းအတူတကွဖြတ်သန်း၍ အေးအတူပူအမျှ စည်းစည်းရုံးရုံနေထိုင်းခြင်းပင်ဖြစ်သည်ကိုမူသူသည် မသိရှာ။ ယနေ့နအဖ၏ စဉ်းစားချက်သည်ကား ငယ်စဉ်က ထိုဘော်လုံးကန်ခဲ့သော အဖြစ်အပျက်နှင့် တူနေသည်။ နအဖ၏ စည်းရုံရေးကား လက်နက်ကိုင်တိုင်းရင်းသားများအပေါ် မင်းတို့က အရှုံးပေးရင် (လက်နက်ချ) ငါတို့က မင်းတို့ကို အနိုင်ပေးလိုက်မယ်ဆိုသည့် ပုံစံမျိုး။
ကျနော် တပ်ထဲအနှစ်(၂၀)နေသမျှ ကာလပါတ်လုံး တပ်ရင်းမှူးသည် လူထုနှင့်ရင်းရင်းနှီးနှီး နေထိုင်သည်လည်း မတွေ့ရ။ တသားတည်းရှိနေ သည်လည်းမတွေ့ရ။ လူထုမပြောနှင့် တပ်ရင်းမှူးသည် တပ်မိသားစုဝင်များ နေထိုင်ရာသို့ပင် စားဝတ်နေရေး အခြေအနေများ၊ မိသားစုအခြေအနေများ၊ တပ်မိသားစုဝင်များ၏ သားသမီးများ၏ပညာရေးကိစ္စများကိုပင်လျှင် လာရောက်လည်ပါတ် ကြည့်ရှုဆွေးနွေး အဖြေရှာရန် အိမ်ထောင်သည် လိုင်းများသို့ပင်လည့်လည်ခဲ့ဖူးခဲသည်ကို အနှစ်နှစ်ဆယ်လုံးလုံး မတွေ့မြင်ခဲ့ရခြေ။
တပ်မှူးတယောက်ပင်လျှင် လူ၏ရေးရာများကို ဂရုမစိုက်နားမလည်ခဲ့။ ရဲဘော်တယောက် ဆိုလျှင်..................။ ဗိုလ်ချုပ်ကြီးများသည် အပွင့်အခက်များ ပိုများလာရေး၊ ဆွေမျိုးတစုကောင်းစားရေး၊ ထိုင်နေသည့် ကုလားထိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို လက်တွေ့မပါ မျက်စိမိတ်ပြီး စွတ်စွတ်အော်နေလျှက်ရှိသည်။ ဒို့တာဝန်သုံးပါးထဲ၌ ခြေချုပ်မိနေသော ဗိုလ်ချုပ်ကြီးများသည် လူထုကို လိမ်ညာဝါဒဖြန့်ချိရင်း ထိုအလိမ်အညာအတွင်းထဲမှ သူတို့ကိုယ်တိုင် ရုန်းမထွက်နိုင်တော့။
ထိုဒို့တာဝန်အရေးသုံးပါး အတွေးအခေါ် လိမ်ဆင်ကြီးက သူတို့ကို ဒိုင်းသဖွယ်ကာရံထားသဖြင့် အများအတွက် ဆိုသည့် လူထုအတွေး အခေါ်များ ၀င်ရောက်လာခြင်း မရှိနိုင်တော့။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ သည်သာအမှန်တရားဟု ကိုင်စွဲထားသော ထိုဗိုလ်ချုပ်များ၏ စစ်သည်တော်များက လူထုအားထင်သလို ရက်စက် ရမ်းကားသတ်ဖြတ်၊ မုဒိမ်းကျင့်ကြသည်မှာ ထိုဗိုလ်ချုပ်များပေးသည့် ပညာများကို အသုံးချနေခြင်းသာ ဖြစ်သည်။
ကျနော်၏ ညီဝမ်းကွဲသည် ကျနော်အား တွေ့ရန်လာနေသည်။ သူနှင့် တွေ့လိုက်ရသော်ကျနော် အတော်စိတ် ပျက်သွားမိသည်။ သူသည် ကျနော့်အား ခပ်ကြွားကြွား ရှေ့တန်းအတွေ့အကြုံများကို ပြောလာသည်။ စစ်ဆိုရင် ရေတောင်စစ်မသောက်နှင့်ဟု ပြောထားသော အဖေ့စကားက ကျနော်အတွက် သိပ်နားထောင်လိုစိတ် မရှိ။ သူက ရှေ့တန်းအတွေ့အကြုံများကို တော်တော်လေး အာမိနေသည်။
ရှမ်းပြည်တနေရာမှာ အကိုကြီးရ
ဘာလဲကွ
ကျနော်တို့ စစ်ကြောင်း ရွာထဲဝင်သွားတယ်။
အဲဒီတော့ ဘာဖြစ်လဲ
ရွာရောက်တော့ ကျနော်တို့ သူငယ်ချင်းတွေ ပိုက်ဆံရှိတဲ့အိမ်တွေကို အကုန်တက်မွေတာ
အဲဒီအထဲမှာ မင်းကောပါလား
ပါတာပေါ့ အကိုရ
ဘာ.....။ မင်းကကွာ သူများပစ္စည်းတွေကို မတရားမလုပ်ပါနဲ့ကွ။
ဟာ....အကိုကြီးကလည်း ရှေ့တန်းရောက်ရင် ရဲဘော်တွေက ဒီလိုပဲလုပ်နေတာဗျ
သူတို့လုပ်တိုင်း မင်းကလိုက်လုပ်ရမှာလားကွ
သူတို့ကလုပ်နေတော့ ကျနော်လည်းလိုက်လုပ်တာပေါ့
မတရားမှုကို ငယ်စဉ်ကတည်းက ရွံရှာခဲ့သော ကျနော်သည် သူနှင့်တွေ့လိုက်ရသော်လည်း ပြည်သူပြည်သားများအတွက် ထိုရက်က ကျနော်အတော်လေး စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။
အဖေပြောသည့် စစ်ဆိုရင်ရေတောင် စစ်မသောက်နဲ့ သီအိုရီက ကျနော့် (၁၇)နှစ်သားဘ၀ကို သေချာစေခဲ့ပြီ...။ ထိုကျနော်၏ ညီဝမ်းကွဲသည်များ မကြာမီ ၁၉၈၈-ခုနှစ် မဲ့သဝေါတိုက်ပွဲတွင် သူရ ရကာ ဗိုလ်ဖြစ်သွားရှာလေခဲ့သည်။ ဆိုးသွမ်းသော၊ ရမ်းကားသော သူတယောက်ဗိုလ်ဖြစ်သွားသဖြင့် ကျနော်သည် လူထုအတွက်၊ တိုင်းပြည်အတွက် ရင်တမမ ဖြစ်သွားခဲ့ရလေတော့သည်။
ဥတ္တရကျော်
၁-၄-၂၀၀၈
Summary
Rest of your post