Saturday, April 12, 2008

“တရုတ်နိုင်ငံလုပ် အမြောက်ဆွဲထရပ်ကားများ နယ်စပ်သို့ ထပ်မံရောက်လာ”

ဥတ္တရ
၁၁-၄-၂၀၀၈



၂၀၀၈ဧပြီလ (၁၁)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာ နအဖ စစ်အစိုးရကို အမြဲတမ်း ကျောထောက် နောက်ခံပေးနေသော တရုတ်အစိုးရမှ ၎င်းတို့နိုင်ငံလုပ် တုန်ဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် ယာဉ်ကြီး အစီးရေ (၁၀၀)ခန့် မြန်မာနိုင်ငံအတွင်း ပို့ဆောင်ရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ကြယ်ဂေါင်မြို့ ကားကြီးများထားသိုရာ ကားကြီးကွင်းနေရာသို့ ရောက်ရှိလာကြောင်း နယ်စပ်နေ ပြည်သူများထံမှ သိရှိရသည်။

ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံလုပ် စစ်ကားများ တင်သွင်းခြင်း ဖြစ်သည်။ ပထမအကြိမ်သည် ယခုနှစ်မတ်ခ်ျလ အစောပိုင်းတွင် ဖြစ်ပြီး တုန်ဖုန်း (Dong Feng) တံဆိပ်ပါ ခြောက်ဘီးတပ် စစ်သုံး သယ်ယူပို့ဆောင်ရေးယာဉ် အစီး(၅၀၀)ကို မြန်မာအစိုးရထံ လွှဲပြောင်းထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလတွင်လည်း တရုတ်နိုင်ငံလုပ် ဖေါ (Faw) တံဆိပ်ပါ စစ်သုံး အငယ်စားခြောက်ဘီးတပ် လူ၊ ကုန်တင်ယာဉ် အစီး (၄၅၀)ကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ယခုနောက်ဆုံးအခေါက်ပို့သည့် တုန်ဖုန်းယာဉ်ကြီးများသည် ခဲယမ်းမီးကျောက်များ တင်ဆောင်ပြီး ဟောင်ဝစ်ဇာ အမြောက်များကိုပါ ဆွဲယူ၊ သွားလာ၊ လှုပ်ရှားနိုင်သော စစ်သုံးယာဉ်ကြီးများ ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများထံမှ သိရှိရသည်။ ယနေ့တွင် စုစုပေါင်းအစီးရေ (၁၀၀)ခန့် ရောက်ရှိခဲ့ပြီး အတည်မပြုနိုင်သေးသော သတင်းများအရ စုစုပေါင်း ကားအစီးရေ (၂၀၀)ခန့် မြန်မာ နအဖ အစိုးရထံ လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း ဥတ္တရမှ သိရှိရသည်။
Summary

Rest of your post
Posted by Picasa

No comments: