Sunday, March 9, 2008

မြန်မာပြည်တွင်းသို့စစ်ကား၅၀၀ ကျော် တရုတ်အစိုးရတင်ပို့

မြန်မာပြည်တွင်းသို့စစ်ကား၅၀၀ ကျော် တရုတ်အစိုးရတင်ပို့
ဥတ္တရ

Image and video hosting by TinyPic

မြန်မာ့အရေး ကျယ်ကျယ်လောင်လောင်ဖြစ်နေချိန်မှာ တရုပ်အစိုးရဟာ မြန်မာပြည်တွင်းသို့ စစ်ကားများကို ထပ်မံပို့ဆောင်ရန် တရုတ်မြန်မာ နယ်စပ်ကျယ်ဂေါင်မြို့မှာ ၂၀၀၈ မတ်ခ်ျလ(၁)ရက်နေ့မှစ၍ (၅)ရက်နေ့ထိ ရောက်ရှိနေပြန်ပါပြီ။ မြန်မာပြည်သူပြည်သား ရဟန်းရှင်လူအားလုံး နှင့် ကမ္ဘာ့နိုင်ငံအချို့က တရုပ်အစိုးရအား စစ်လက်နက်ပစ္စည်းမထောက်ပံ့ရန် မေတ္တာရပ်ခံတောင်းပန်နေချိန်မှာ မြန်မာလူထုတရပ်လုံး၏ ဆန္ဒကို မျက်ကွယ်ပြုပြီး နအဖစစ်အုပ်စု အသက်ရှည်ရေးအတွက် စစ်ကား (၅၀၀)ကျော် ပို့ဖို့လုပ်နေပြန်ပါပြီ။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စစ်ကားနှင့် အရပ်သုံးကား (၄၅၀)ပို့ဆောင်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင်လည်း စစ်ကား (၁၀၀)ကျော် ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
မြန်မာပြည်တွင်းရေးကို မိမိတို့ပြည်သူများကသာ ဖြေရှင်းရမည်၊ မြန်မာ့ပြည်တွင်းရေးကို တရုပ်အစိုးရက ၀င်ရောက်နှောက်ယှက်လိုသည့် သဘောထားမရှိဘူးဟုတွင်တွင်ဆိုနေသော တရုပ်အစိုးရသည် မြန်မာပြည်ပြု ပြင်ပြောင်းလဲရေးထက် တည်ငြိမ်းအေးချမ်းရေးကိုသာ အလေးထားလျှက်ရှိနေသည်။ သို့သော် နအဖ အဆိုအရ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသောအဆိုကို ထောက်ခံနေသည့် တရုတ်၏ ယခုစစ်ကားများပို့သည့်လုပ်ရပ်က မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွပ်ဖက်နေတာလား ပြည်သူလူထုကို ကူညီနေတာလား စစ်တပ်ကို ပံ့ပိုးပေးနေတာလား ယခုပို့မည့်စစ်ကားများ၊ စစ်လက်နက်ပစ္စည်းများက သက်သေခံနေမည် ဖြစ်သည်။

...


Summary

Rest of your post

No comments: