Wednesday, March 19, 2008

တော်လှန်ရေးခရီးလား

လွတ်မြောက်ရေးပန်းတိုင်

တက်လှမ်းရာ ဒီခရီး

ရေစီးက သန်

လှိုင်းဒဏ်ကို အံတု

ယုံကြည်မှု အရင်းပြုလို့ ၊

ကျောက်ငုတ်စို့ ၀ဲလည်းကြုံ

တက်မစုံ ရွက်မဖွင့်နိုင်လည်း

ရေဆန်ဘဲ ဖြတ်လာရ

မုန်းတိုင်းကျ ရင်ဆိုင်

ငုတ်မိသဲကိုင် ထုံး

ဇွဲ၊ နှလုံးမူ ဘ၀တူ ခရီးသည်တွေမို့ .......

အချို့က လမ်းခရီးထက်မှာ ကျကျန်

အချို့က ကမ်းအနီးတက်ကာ ထပြန်

အချို့က စမ်းဘေး တွယ်ဖက်

အချို့က လမ်းရွေး ဖယ်ထွက်

လှေခွက်ချည်း မကျန်

အလံ လွှင့်ထူထား ၊

ခွန်အားဖြည့် စုစည်းဆက်မယ်

ရှေ့အတက် ရေမော်တကွေ့

ရဲဘော်ရေ့ .......

ယီးလေလေ့ လား ။

(နှစ်ခြောက်ဆယ်မြောက် ဗကပလက်နက်ကိုင်တော်လှန်ရေးနေ့သို့)

မှိုင်းမျိုးနော်

၁၉-၃-၂၀၀၈

မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ မှိုင်းမျိုးနော် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



Summary

Rest of your post

No comments: