ဥတ္တရ
၂၅-၃-၂၀၀၈
ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မတ်ခ်ျလ (၂၄)ရက်နေ့မနက်ပိုင်း၌ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အင်အား (၁၀၀)ကျော်ဖြင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် (၁၄)ရပ်ကွက်၊ ကျေးရွာ (၄)ရွာ၊ မြစ်ကြီးနား တက္ကသိုလ်နှင့် ၀ိုင်းမော်မြို့ပေါ်တို့တွင် ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်စာများကို လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
ယင်းလိုက်လံဝေငှခဲ့သော စာမှာ အေဖိုးဆိုက်စာရွက်တွင် အလျားလိုက် “အတင်းအဓမ္မ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် အတည်ပြုခြင်းကို” စာတန်းတစ်တန်းအဖြစ် အပြည့်ရေးသားထားပြီး ဒုတိယစာတန်းတွင် “ကန့်ကွက်ကြ” ဟူသော စာလုံးအား စာလုံးကြီးကြီးဖြင့် ရေးသားထားကြောင်းလည်း သိရသည်။
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ယခင်ကပြုလုပ်ခဲ့သော စာကပ်မှုများတွင် တာဝန်ရှိ ဒေသအာဏာပိုင်များမှနေ၍ ညအချိန်ကတည်းက ဖြုတ်ခွာပစ်လိုက်သည့်အတွက် ယခုတကြိမ်တွင် စာကပ်ခြင်းမပြုလုပ်တော့ဘဲ လူစည်ကားချိန်ဖြစ်သော မနက်ပိုင်းဈေးများနှင့် ရပ်ကွက်၊ ကျေးရွာ လူထုများထံသို့လူအင်အား ပိုသုံးကာ တိုက်ရိုက်လိုက်လံဝေငှခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ ဆက်လက်၍လည်း တိုက်တွန်းနှိုးဆော်စာများ ဖြန့်ဝေတိုက်တွန်း စည်းရုံးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ပြည်သူလူထုသို့ နဖအရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန္ဒခံယူပွဲကို ကန့်ကွက်စာများ ဖြန့်ဝေပြီးချိန်တွင် မြစ်ကြီးနား တက္ကသိုလ်နှင့်ဈေးများတွင် လုံခြုံရေးအဖြစ် စစ်တပ်နှင့်ရဲများကို ထူထပ်စွာ ချထားကြောင်းလည်း သိရသည်၊၊
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အနေဖြင့်လည်း နအဖ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲတွင် ကြားနေသွားမည်လို့ လွန်ခဲ့သောရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Rest of your post
0 comments:
Post a Comment