Sunday, March 23, 2008

စစ်တပ်၊ ပြည်သူ့ရဲ တို့ကို လာဒ်ပေးလို့ မူးယစ်ရာဇာ တစ်ဦး ၀င်ငွေအလွန်ကောင်း

ဥတ္တရ
၂၀၀၈မတ်ခ်ျလ ၂၃ရက်

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာ ကျောက်စိမ်းမှော်အတွင်း၌ မူးယစ်ဆေးဝါး ရောင်းချသူများက မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရာတွင် တစ်ရက်ရောင်းရငွေမှာ ကျပ်ငွေ (၂၅)သိန်းမှ သိန်း (၃၀)ကြား အထိ ရောင်းအားရှိကြောင်း သိရသည်။

ဒေသအခေါ် ရင်ဖေါင် (ဘိန်းအမဲကို အဆီချ၍ပြုလုပ်ထားသော ဘိန်းအဆီပြား) နှင့် ခတ်ပုံ (ဘိန်းမဲကိုချက်ကာ ငှက်ပျောရွက်အမျှင်လေးများဖြင့် ရောနှောပြုလုပ်ထားသော အလုံးလေး) များကို ရောင်းချခြင်းဖြစ်ပြီး လုံးခင်းကျောက်မှော်တွင် ယခင်က ရဲ၊ စစ်တပ်နှင့် မီးသတ်တို့ကို လာဒ်ငွေပေး၍ တရားဝင်ပုံစံ ရောင်းချနေသူ (၃)ဦး ရှိကြောင်း သိရှိရသည်။ ယခုအခါ ရခိုင်ကျော်ထွန်းဆိုသူ တဦးတည်းသာ ကျန်သူများထက် လာဒ်ငွေများစွာ ပေးနိုင်သူတဦးဖြစ်သည့်အတွက် အဓိကဖြန့်ဖြူး ရောင်းချနေသူ ဖြစ်ကြောင်း ရောင်းအား လည်း အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် ရခိုင်ကျော်ထွန်းအား မူးယစ်ဆေးဝါးရောင်းချမှုဖြင့် လုံးခင်း ပြည်သူ့ရဲစခန်းမှ ဖမ်းဆီးသွားခဲ့ဘူးသည်။ သို့သော် ရခိုင်ကျော်ထွန်းမှ ရဲစခန်းအား လာဒ်ငွေသိန်းများစွာ ပေး၍ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ယခုဆိုလျှင် လုံးခင်းရဲစခန်းကို တရက်လျှင် (၁)သိန်းကျပ် စစ်တပ်နှင့် ဖားကန့်ရဲစခန်းကို လစဉ်ကြေးပုံစံမျိုးဖြင့် (၅)သိန်းကျပ် ပေးဆောင်ကာ မူးယစ်ဆေးများကို တရားဝင် ရောင်းချနေလျှက်ရှိကြောင်း သိရှိရသည်။

Summary

Rest of your post
Posted by Picasa

No comments: