Friday, March 21, 2008

ဗိုလ်လောင်းနှစ်ဦး လိင်တူခြင်းဆက်ဆံ




ဥတ္တရ
၂၀၀၈မတ်ခ်ျ ၂၁ရက်

နအဖတပ်မတော်အတွက် အဓိက ဗိုလ်လောင်းများမွေးထုတ်ပေးနေသော မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၀)တွင် တက်ရောက်နေသော ဗိုလ်လောင်း (၂)ဦးသည် ၂၀၀၇ ဒီဇင်ဘာလတွင် လိင်တူချင်း ဆက်ဆံခဲ့ကြကြောင်း သိရှိရသည်။

ထိုဗိုလ်လောင်းနှစ်ဦး၏ အမည်မှာ ဗိုလ်လောင်း သက်နိုင်ဦးး (တတိယနှစ်)နှင့် ဗိုလ်လောင်း ရဲရင့်ဇော် (ပထမနှစ်) တို့ဖြစ်ကြသည်။ တတိယနှစ် တက်နေသော ဗိုလ်လောင်း သက်နိုင်ဦးသည် မေမြို့ စစ်တက္ကသိုလ် အနီးရှိ မိုးကြိုးပစ်ရွာသို့ သွား၍ အရက်ခိုးသောက်ပြီး အဆောင်သို့ ပြန်ရောက်ချိန်တွင် ပထမနှစ် ဗိုလ်လောင်းတက်နေသူ ဗိုလ်လောင်း ရဲရင့်ဇော်အား ရွေချည်ထိုး ဦးထုပ်တံဆိပ် ပေးမည်ဟု လိမ်ညာသွေးဆောင် ဖျားယောင်း၍ မနက် သုံးနာရီခန့်တွင် ခေါ်ယူပြီး ဗိုလ်လောင်းသက်နိုင်ဦး၏ အိပ်ရာပေါ်တွင် ဗိုလ်လောင်း ရဲရင့်ဇော်အား ယောက်ျားခြင်း မဖွယ်မရာ စတင်ပြုလုပ်ခဲ့တော့သည်။

ထိုကဲ့သို့ ဗိုလ်လောင်း သက်နိုင်ဝင်းမှ ဗိုလ်လောင်း ရဲရင့်ဇော်အား ယောက်ျားခြင်း မဖွယ်မရာ ပြုလုပ်နေစဉ် သေးပေါက် အပေါ့သွားရန် နိုးထလာသော ဗိုလ်လောင်း တဦးမှ တွေ့ရှိသွားကာ ထိုကိစ္စအား သူတို့၏ တပ်ခွဲမှူးအား သွားရောက် တိုင်ကြားခဲ့သည်။ တပ်ခွဲမှူးမှနေ၍ လိင်တူခြင်းဆက်ဆံနေသည့် အခြေအနေ များကို တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မြတ်သွင်ထံသို့ တဆင့် တိုင်ကြား တင်ပြခဲ့ကြောင်း သိရှိရသည်၊ နောက်ဆုံး ထိုကိစ္စသည် ကျောင်းအုပ်ကြီးထံသို့ရောက်ရှိသွားကာ ကျောင်းအုပ်ကြီးမှ ညအိပ် စည်းကမ်းထိမ်းသိမ်းရေး အရာရှိ ဗိုလ်ကြီး ရဲလင်းမောင် ကိုခေါ်ယူ သတိပေးဆုံးမ ကြိမ်းမောင်း ပြစ်တင်ဆူပူခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဗိုလ်လောင်း (၂)ဦးအား စစ်စည်းကမ်းအရ အနည်းငယ်သာ အပြစ်ပေး၍ ဗိုလ်လောင်း သင်တန်းအား ဆက်လက်တက်ရောက် သင်ကြားစေခဲ့ကြောင်း သိရှိရသည်။

ဗိုလ်လောင်း သက်နိုင်ဦး၏ မိဘများမှာ ဦးမြသောင်း (ကျပန်းအလုပ်သမား) + ဒေါ်ဌေးဌေး(မှီခို) ဖြစ်ကြပြီး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ ကန်ချောင်းအုပ်စု လက်ခုပ်ပင်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည်။ ဗိုလ်လောင်း ရဲရင့်ဇော်၏ မိဘများမှာ တပ်ကြပ်ကြီး ဇော်မင်း (စစ်မှုထမ်းဟောင်း) + ဒေါ်အေးအေးဝင်း တို့ဖြစ်ပြီး ပျဉ်းမနား နေပြည်တော်တွင် အခြေစိုက်သည့် ခြေလျင်တပ်ရင်းအမှတ် (၈၅)တွင် နေထိုင်ကြကြောင်း သိရှိရသည်၊

နအဖတပ်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ နယ်မြေဒေသများသို့ စစ်ဆင်ရေး ၀င်ရောက်ချိန်တွင် ဒေသခံ တိုင်းရင်းသားအမျိုးသမီးငယ်များအား မုဒိန်းမှုများ မကြာခဏ ကျူးလွန် စော်ကား နေကြောင်း ရှမ်းအမျိုးသမီးရေးရာအဖွဲ့မှ ထုတ်ဝေသည့် (licence to rape)စာအုပ်အား ဖတ်ရှု့ခြင်းအားဖြင့် သိရှိရပါသည်။

ယခုလည်း အထက်ပါ ကိစ္စများကဲ့သို့ ကျူးလွန်ခဲ့သော ဗိုလ်လောင်း (၂)ဦးကို လက်နက်တတ်ဆင်ပေး၍ တိုင်းရင်းသားလူမျိုးစု ဒေသများသို့စစ်ဆင်ရေး ပြုလုပ်ခိုင်းလိုက်မည်ဆိုပါက ခွေးကို ဂျိုတတ်ပေးသကဲ့သို့ ဖြစ်ချေတော့မည်။

Summary

Rest of your post
Posted by Picasa

No comments: