မြန်မာစာပေသမိုင်းမှာရော နိုင်ငံရေးသမိုင်းမှာပါ ဘယ်လိုမှမေ့ပျောက်လို့၊ ဖျောက်ဖျက်လို့မရနိုင်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ မွေးနေ့ဟာ ဒီနေ့ မတ်လ ၂၃ ရက်နေ့ဆိုရင် ၁၃၂ နှစ်ပြည်ခဲ့ပါပြီ။ ဆရာကြီးကွယ်လွန်သွားခဲ့ပေမယ့် ဆရာကြီးရဲ့ ကျနော်တို့လူငယ်တွေအတွက် ထားခဲ့တဲ့စေတနာ၊ တိုင်းပြည်အတွက်ထားခဲ့တဲ့ မေတ္တာတွေကတော့ ကမ္ဘာတည်သရွေ့မပျက်ယွင်းဘဲရှိနေအုံးမှာပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ မွေးနေ့ အထိမ်းအမှတ်အတွက်နှစ်စဉ်ဆိုသလို ဂျပန်က စာပေချစ်မြတ်နိုးတဲ့ လူငယ်တွေကစုစည်းပြီး အမှတ်တ၇ပွဲလေးတွေ ကျင်းပပြုလုပ်စမြဲပါ ဒီနှစ်တော့ပွဲစဉ်တွေစိပ်နေတဲ့ ဂျပန်က ဘာမှမလုပ်ဖြစ်ကြတာနဲ့ အမှတ်တရအတွက်တခုခုလုပ်ပေးချင်တာရယ် ဆရာကြီးကိုမမေ့လျှော့စေချင်တာနဲ့ ဒီ Postလေးကိုတင်ဖြစ်လိုက်တာပါ။
ဒီအမှတ်တရ post လေးအတွက် ကိုသူရိန်ထက်၊ ကိုသိန်းငွေ(ကဗျာဆရာညှိထက်) ကိုသက်လင်း(ကဗျာဆရာ ရဲရင့်သက်ဇွဲ)နှင့် ဆရာကြီး အမှတ်တရ ရရှားပါးဓါတ်ပုံတွေတင်ပေးထားကြတဲ့ မှိုင်းအမှတ်တ၇အဖွဲ့ နှင့်ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်လို့ ဒီနေရာကနေပြောပြစေ။
(မည်သူမဆို ကူးယူပြီး ဆရာကြီး မွေးနေ့အမှတ်တရ ကူးယူဖော်ပြနိုင်ပါတယ်)
သြော်…..အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က အောင်စာတမ်း ချို့စေဘို့အောင်ပန်းညို့ရရှာတဲ့ တောင်တမန်းတို့ဗမာမှာ၊ အဟောင်း သံသရာအငုတ်တွေနှင့်၊ အောင်ဆန်းတို့မသာမယာဟာ ၄င်းကံကြမ္မာအလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြီုဟ်ချင်။ ။သြော်…..တပည့်အရင်းတွေမို့ က၀ိမတင်းနိုင်ဘုကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်မရနိုင်ဘု၊သောက ဘလောင်ဆူတော့ တောင်ဇမ္ဗူပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဇမ္ဗူရမ်းနေကြ၊ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်၊ လူကြမ်း ဓပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊ ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊တထုံး နောက်တနဲမှာတော့၊ မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊ ပြည်မင်းဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊တလိုင်းနယ် ရွေပြည်တခွင်မတော့၊ ဓမျွစေတီဘုရင် လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့၊သြော်…..ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက် အခါတူလို့မို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊ ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလ’င်ညွှန်းပြီး၊ မြင်ကွန်းပိုင်သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ဂိုဏ်းအဖွဲ့တွေနဲ့၊ မှိုင်းရဲ့စိတ်ထင်။မင်းစိတ် မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူခပဲကို မကြည်ညိုတဲ့၊၀သီအလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊သြော်…..အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊ ပြောင်ကိုက်သဟာမှာယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည်နေရီတော့လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ပြည်ရွာ ညီညာဘို့ အလုပ်ပေပေါ့၊ သုသန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊အလွန်ကောင်းစွာ ကမဃာတည်မည့်၊ အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊ ပါရမီ အဓိဌာန်တမျိုးရယ်နှင့်၊ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖေါင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသောရေစုန်မျောလေရဲ့၊ သြော်…..တောင်နန်း မြောက်နန်းအဆောင်ဆောင်ကြငှန်းနဲ့၊အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။
သခင် ကိုယ်တော်မှိုင်း





...Summary
Rest of your post
No comments:
Post a Comment