Tuesday, April 1, 2008

“ရပ်တည်ချက်”

* ဒီပင်လယ်ကြီးကတော့

ကူးခတ်နေကြသူတွေကို ကြည့်ပြီး

အမျိုးမျိုးသုံးသပ်နေမှာပါ။


* ငါတို့ဟာ ဆင်သေကောင်မဟုတ်ဘူး

ငါတို့ဟာ ကျီးမိုက်မဟုတ်ဘူး

စစ်မှန်တဲ့ နှလုံးသားတွေကို မြုပ်နှံပြီးတော့

အသီးအပွင့်တွေအတွက် စိုက်ပျိုးနေရသူတွေပါ။


* ရိုးပြတ်တောတွေ

ဆားမပါ ဆီမပါတဲ့ ဟင်းတွေ

သစ်တောစိမ်းစိမ်းတွေ

ကျေးငှက်သံတွေ

နေ၀င်မိုးချုပ်

ကိုယ့်ဟာကိုယ် ထုတ်ပိုးထားတဲ့ တာဝန်တွေနဲ့

ဒီညတွေ သစ္စာမဖေါက်သရွေ့

စစ်မှန်တဲ့ မိုးသောက်ယံကိုပေါ့။


* ရက်စက်သော

မတရားသော

လူသားခြင်း မစာနာသော...

ဖက်ဆစ်လို ရမ်းကားသော...

ကိုယ့်အမျိုးကို သတ်နေသော...

နောက်ဆုံး သာသနာကိုတောင် သတ်နေသော...

အယုတ်ညံ့ဆုံး နှိုင်းစရာ စကားလုံးမရှိတော့တဲ့

အဲ့ဒီ ရန်သူက

သူ့လမ်း သူရွေးချယ်လို့ ....။


* ဓမ္မနဲ့ အဓမ္မဇာတ်လမ်းမှာ

မကြာခင် ပြည်သူက ဆုံးဖြတ်ပေးသွားမှာပါ။ .......။

ထက်လွင်အောင်
၂-၃-၂၀၀၈

မှတ်ချက်။ ။ ဤကဗျာ ပေးပို့သော ကဗျာဆရာ ထက်လွင်အောင် အား ဥတ္တရမှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Summary

Rest of your post

No comments: