Wednesday, April 2, 2008

အမေရိကန်နိုင်ငံ ယူထပြည်နယ်၊ ဆောလိပ်စီးတီးမှ မြန်မာမိသားစုများ အတွက် ၀မ်းနည်းဖွယ် အဖြစ်ဆိုး

သားငယ် ( မနောမြေ)
၂-၄-၂၀၀၈


သေဆုံးသွားသော ဆားနေမူး(ခ) တဖိုးမူ

အမေရိကန်ပြည်ထောင်စု ယူထပြည်နယ် ဆောလိပ်စီးတီး အမှတ် 2250 S 500 E, Salt Lake City, UT 84106တွင် ထိုင်းနိုင်ငံမယ်လ ဒုက္ခသည်စခန်းမှ အခြေချ ပြောင်းရွှေ့နေထိုင်သော မြန်မာနိုင်ငံသား ကရင်အမျိုးသားမိသားစုမှ ၂၄နာရီကျော်ကြာ ကြေကွဲဖွယ် သမီးပျောက်ရှာဖွေနေမှုအား ယမန်နေ့ ၂၀၀၈ခုနှစ် ဧပြီလ(၁)ရက် အင်္ဂါနေ့ ည၇နာရီတွင် အဆုံးသတ် သွားပြီးဟု ဆောလိပ်စီးတီး တောင်ပိုင်း ရဲမှူးချူပ် ခရစ္စ ဆနိုက်ဒါမှ အတည်ပြု ပြောကြားလိုက်သည်။

အခင်းဖြစ်ပွားပုံမှာ အထက်ဖော်ပြပါလိပ်စာတွင် လွန်ခဲ့သောနှစ် သြဂုတ်လမှ အခြေချနေထိုင်ရန် ပြောင်းရွှေ့လာသူ ဦးကာတွန်းဝါ၏ သမီးဖြစ်သူ အသက်၇နှစ်အရွယ် မဆားနေမူး(တဖိုးမူ) မှာ ရုတ်တရက် ပျောက်ချင်းမလှ ပျောက်ဆုံးနေရာကို မြန်မာလူမျိုးနှင့် လာအိုလူမျိုးများ အများအပြားနေထိုင်ရာ South Parc complex တွင် ကနဦးပိုင်း မိတ်ဆွေများနှင့် လက်သိပ်ထိုး ရှာဖွေနေသော်လည်း နောက်ပိုင်းတွင် အိမ်နီးနားချင်းမှ ရဲအား တနင်္လာနေ့ ညနေ၆နာရီခွဲ နောက်ပိုင်းတွင် အကြောင်းကြားလိုက်သဖြင့် ရဲများ၊ အက်(ဖ်)ဘီအိုင်၊ အခမဲ့အကူညီပေးသူများနှင့် ယူထ အထွေထွေတရားရေးရုံးမှ လူရာနှင့်ချီကာ အင်္ဂါနေ့တနေ့လုံး အခင်းဖြစ်ပွားရာနေရာ ၀န်းကျင်မိုင်အနည်းငယ်အကွာအဝေးထိ ရှာဖွေခဲ့ကြသည်၊ ယမန်နေ့ ညဦးပိုင်း၌ပင် အက်(ဖ်)ဘီအိုင်မှ ယင်းအပါတ်မန့် ၀င်းအတွင်း၌ ဆားနေမူး၏ အလောင်းအား ရှာဖွေတွေ့ရှိသွားသည်။


စိတ္တဇလူသတ်တရားခံဟု စွတ်စွဲခံရသူ ဆာမက်(ခ) အာမက်

တဖိုးမူအား တနင်္လာနေ့ နေ့လည်(၁)ရာရီတွင် နောက်ဆုံးတွေ့လိုက်ရပြီး ၄င်း၏ ဖျောက်ဖျက်ထားသော ရုပ်အလောင်းအား ယင်းအပါတ်မန့်ဝင်းအတွင်း၌ အခန်းဖော်လေးဦးဖြင့် နေထိုင်သော ဆာမက် (အသက်၂၁နှစ်) အိန္ဒိယမျိုးနွယ်စပ်သော မြန်မာနိုင်ငံသား၏ မြေအောက်ထပ် ရေချိုးခန်းတွင် တွေ့ရှိရသည်ဟု ဆောလိပ်ရဲတပ်ဖွဲ့မှ ယနေ့ ထုတ်ပြန်ကျေငြာသည်၊ ရဲများ ယင်းအပါတ်မန့်ဝင်းအတွင်း ၀င်ရောက်ရှာဖွေစဉ် ၄င်းမှာ အခင်းဖြစ်ပွားပြီးနောက်၌ ၁၇၀၆လမ်းရှိ နေအိမ်တခုတွင် သွားရောက်တိမ်းရှောင်နေပြီး အခန်းဖေါ်များမှာ အလုပ်သွားနေကြသဖြင့် အမှုမှာနာရီအတန်ကြာ လွှဲချော်ကြန့်ကြာနေရသည်၊ အခန်းဖေါ်များပြန်လာမှ ကျန်နေသော ထိုအခန်းအား ၀င်ရောက်စစ်ဆေးရာ မြေအောက်ခန်း၌ တဦးထဲ နေထိုင်သော ဆာမက်၏ ရေချိုးခန်းထဲမှ တဖိုးမူ၏ ရုပ်အလောင်းအားတွေ့ ရှိရခြင်းဖြစ်သည်၊ ယနေ့ ဗုဒ္ဓဟူးနေ့တွင် ၄င်းမှရဲအား မိမိသတ်မိကြောင်း ၀န်ခံချက်ပေးလိုက်ပြီး ဆာမက်မှာ ပြစ်မှုထင်ရှားလျှင် လူသတ်မှု၊ ပြန်ပေးမှု၊ သက်သေအထောက်ထားများနှင့် အလောင်းဖျောက်ဖျက်မှုတို့ဖြင့် အရေးယူ ခံနိုင်ဖွယ်ရှိသည်။

ယင်းအပါတ်မန့်၌ နေထိုင်သော ကိုတင်ဝင်းအား မေးမြန်းရာတွင် ပြစ်မှုကျူးလွန်သူ ဆာမက်မှာ အမေရိကန်နိုင်ငံ၌ အခြေချနေထိုင်သည်မှာ (၁)လကျော်ပင်ရှိသေးကြောင်း၊ “ သူ့ကြည့်ရတာ စိတ်မူမမှန်သလို ဆေးဝါးသုံးစွဲထားသလို ဂယောက်ဂယက်ဖြစ်နေတဲ့ အမူအယာတွေ တွေ့ရတယ်ဟု အလောင်းမှာ လည်ပင်းညစ်ထားသည့် ဒါဏ်ရာ၊ ဦးခေါင်းကို ထုရိုက်ထားတဲ့ ဒါဏ်ရာတွေ တွေ့ရှိရတယ်” ဟု ဖြေကြားပါသည်။ ဆာမက်၏ အမေဖြစ်သူ ဒေါ်ရာဟီမာမှာ “ကျမသားမှာ တစုံတခုမှားယွင်းနေတာ တခုမှမတွေ့ရဖူးလို့” ဆောလိပ်စီးတီး ကန္တာရနံက်ခင်း သတင်းစာသို့ ဖြေကြားသည်။

Summary

Rest of your post
Posted by Picasa

No comments: