Wednesday, April 2, 2008

ကိုယ့်ပိုက်ဆံပေး၍ ခင်းထားသော ကတ္တရာလမ်းပေါ် လှည်းမောင်း၍ ဒဏ်ငွေပေးနေရ

ဥတ္တရ
၂-၁-၂၀၀၈

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ခတ်ချိုမြို့အတွင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ယခုတလော ကတ္တရာခင်းထားသော လမ်းပေါ်တွင် လှည်းမောင်းပါက ရယကမှ နေ၍ လမ်းဘေးများတွင် အလစ်အငိုက် လိုက်လံချောင်းမြောင်း ရှာဖွေဖမ်းဆီးနေကြောင်း သိရှိရသည်။ လှည်းများဖမ်းဆီးမိပါက လှည်းတစီးလျှင် (၅၀၀၀)ကျပ် ဒဏ်ငွေပေးဆောင်နေရကြောင်း သိရသည်။

ယခုငွေကောက်စားနေသူ ရယက ဥက္ကဌသည် ဒေသအတွင်း ရှေးယခင်ကတည်းက နေထိုင်လာသူမဟုတ်ဘဲ အခြားဒေသမှ ပြောင်းရွေ့ရောက်ရှိလာပြီး ရယက မဖြစ်ခင် ယင်းဒေသအတွင်း နှစ်လုံးထီ၊ သုံးလုံးထီများ ရောင်းစားနေသော သူလည်းဖြစ်သည်။ ယခင် ခတ်ချို ရယက ဥက္ကဌသည် ဦးမောင်မောင် ဆိုသူဖြစ်ပြီး ဒေသခံပြည်သှူဖြစ်ကာ ဒေသခံပြည်သူများ၏ လုပ်ကိုင်စားသောက်နေမှု အခြေအနေများကို နားလည်သဘောပေါက်သူဖြစ်သောကြောင့် ကြီးမားသောပြသနာများမရှိကြောင်း သိရသည်။


ယင်းလမ်းများကို ကတ္တရာလမ်းဖြစ်မြောက်စေရန် အိမ်တအိမ်လျှင် ငွေ (၈၀၀၀) ကျပ်စီနှင့် သဲကျောက်ကား တစီးစာအား သယ်ယူစုပုံပေးခဲ့ရသော လမ်းဖြစ်သည်။ သဲကျောက်များကို မိမိတို့အိမ်များမှ လှည်း၊ ထော်လာဂျီ၊ ကားများမရှိပါကလည်း ငှားရမ်း၍ သို့မဟုတ် လူကိုယ်တိုင်ထမ်းပိုး၍ ပို့ဆောင်ပေးခဲ့ရကြောင်း လည်း သိရသည်။ သို့အတွက်ကြောင့် ဒေသနေပြည်သူများ၏ ကိုယ်ထူကိုယ်ထကိုယ့်လုပ်အားဖြင့် ဖေါက်လုပ်ထားသော ထိုကတ္တရာလမ်းအား ကိုယ်တိုင်မောင်းနင်၍မရ ဖြစ်နေသည့်အပေါ် ယခုအသစ်တင်မြောက်ထားသည့် ရယကဥက္ကဌအား မကျေမနပ်ဖြစ်နေကြောင်းသိရှိရသည်။

“ကတ္တရာလမ်းကို မခင်းချင်နေ အရင်တုံးကရှိနေတဲ့လမ်းကမှ ခပ်ကောင်းကောင်းပဲ။ အခုကတ္တရာလမ်းခင်းလာမှ ပိုလို့ဒုက္ခရောက်ကြရတယ်” ဟုခပ်ချိုရွာသားတဦးမှ ပြောကြားကြောင်း သိရသည်။

ခတ်ချိုမြို့ ပတ်ဝန်းကျင်ကျေးရွာများသည် ရိုးရာတောင်သူလုပ်ငန်းများဖြင့်သာ အသက်မွေး ၀မ်းကျောင်း ကြသော ဒေသဖြစ်သည်။ ယခင်က လှည်းမောင်းရန်လမ်း သီးသန့်ထားရှိခဲ့သော်လည်း လွန်ခဲ့သည့် နှစ်အတွင်းက မိုးသည်းထန်ခဲ့သဖြင့် ခတ်ချိုမြို့အနီး န၀တ တည်ဆောက်ပေးထားသော လယ်ရေသွင်း ဆည်သည် ကျိုးပေါက်ကာ လှည်းလမ်းသည် ရေတိုက်စားသွားသဖြင့် လှည်းများ သွားလာ၍မရ ဖြစ်နေကြောင်းသိရှိရပြီး ထိုလမ်းအားပြန်လည်ပြုပြင်ပေးခြင်း မရှိသဖြင့် ဒေသအတွင်းရှိ တောင်သူများသည် ကတ္တရာလမ်းပေါ်သို့တက်၍ မောင်းနေကြရခြင်းဖြစ်ကြောင်း ဥတ္တရမှ သိရသည်။
...

Summary

Rest of your post

No comments: