Thursday, April 10, 2008

“ကြံ့ဖွတ် အတွင်းရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ”

ဥတ္တရ
၁၀-၄-၂၀၀၈

၂၀၀၈ ဧပြီလ (၉)ရက်နေ့ ည(၁၀) နာရီအချိန်ခန့်တွင် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူး ရပ်ကွက်(၃) ဥက္ကဌ ဖြစ်သူ ဦးဝင်းမောင် အား နေအိမ်တွင် သေနတ်၊ လက်ပစ်ဗုံးများဖြင့် အမည်မသိသူ (၂)ဦးမှ ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။

ဖြစ်စဉ်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူး ဦးဝင်းမောင်သည် သေနတ်ဒဏ်ရာဖြင့် နေအိမ်ခြံဝင်း ၀င်ပေါက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၀င်ရောက်ဆွဲကူပေးသော သားဖြစ်သူသည်လည်း လက်ပစ်ဗုံး စများ ထိမှန်ကာ မူဆယ်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် တက်ရောက်ဆေးကုသ နေရကြောင်းလည်း သိရှိရ သည်။

မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်သည်ကို မသိရသော်လည်း ယခုအချိန်တွင် ပန်ဆိုင်းမြို့အတွင်း နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ အာဏာပြ လုပ်ရှားနေသည့်အချိန်ဖြစ်နေသည်။ ဆန္ဒမဲပေးပိုင်ခွင့်အတွက် နအဖ ပြုလုပ်ပေးနေသော မှတ်ပုံတင်များ ပြုလုပ်ပေးရာတွင်လည်း ငွေကြေးများ ပေးဆောင်နေရကြောင်း ဥတ္တရမှ သိရှိရသည်။

No comments: