Friday, April 4, 2008

“မြစ်ကြီးနားတွင် မီးလောင်ပြန်ပြီ”

ဥတ္တရ
၎-၄.၂၀၀၈

မစ်ကြီးနားမြို့တွင် ၂၀၀၈အေပြီလ (၃)ရက်နေ့ မနက်ငါးနာရီချိန်ခန့်တွင် မီးလောင်မှုတရပ်ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား မြိုခံတဦးက ဥတ္တရသို့ ပြောကြားခဲ့သည်။

မီးလောင်မှုသည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး တရုပ်လူမျိုးပိုင် အိမ်တလုံးမှစတင်လောင်ကျွှမ်းခဲ့ပြီး အိမ်နှစ်လုံးမီးလောင်ပြာကျခဲ့သည်ဟု ထိုမီးလောင်မှုကိုသွားကြည့်ခဲ့သူ မြစ်ကြီးနားမြို့ခံတဦးက ပြောပြသည်။ မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကားနှစ်စီးရောက်ရှိလာသော်လည်း မီးမငြိမ်းသတ်နိုင်ကြောင်းထိုမြို့ခံက ယခုလိုပြောပြသည်။


“လူထုက မီးသတ်ကားကို မျှော်နေတာ။ မီးသတ်ကားက ရောက်သာရောက်လာတယ် မီးမငြိမ်းနိုင်ဘူး ရွှေညောင်ပင်လူထုက ရင်တမမနဲ့ ကြည့်နေကြရတာ။ မနက်ပိုင်းဖြစ်တော့ လေငြိမ်နေလို့ တော်သေးတာ ပေါ့။ ဟိုတရက်ကလို လေပြင်းတွေသာ တိုက်နေရင်တော့ တမြို့လုံးတောင်ပြာကျသွားမှာ”


မီးသတ်ကားသည် ထိုမီးလောင်သည့်နေရာသို့ရောက်ရှိလာသော်လည်း မီးသတ်ပိုက်က ပျက်နေသဖြင့် မီးမငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း ဥတ္တရမှ ထပ်မံသိရှိရသည်။



Summary

Rest of your post

No comments: